[Zawgyi]
" ဒါက ဘယ်နေရာ… "
သတိမမေ့ခင် နောက်ဆုံးမြင်ခဲ့ရသောကောင်းကင်ပြာ
ကြီးနေရာတွင် Baekhyun အစားထိုးမြင်နေရ
သည်မှာ နှင်းစက်ပုံဖန်သီးတွဲလေးများပင်ဖြစ်သည်။
ထိုမှတဆင့် ကျယ်ပြန့်သွားသောမြင်ကွင်းက အညိုရင့်
ရောင် မျက်နှာကျက်ကျယ်ကြီး…။နှင်းစက်ပုံဖန်သီးလေးများ ချိတ်တွဲထားသော မီးဆိုင်း
ကြီးက Baekhyun နိုးထလာသော ကုတင်ထက်
တည့်တည့်တွင် ခန့်ခန့်ထည်ထည်ပင် တည်ရှိနေ၏။
မီးမထွန်းထားသေးသည်ကိုပင် အဖြူရောင်ကျောက်
အတွဲလေးများဆီမှ အလင်းရောင်က အခန်းထဲကို
ကြဲပက်ကျနေသယောင် ဖြာလက်နေသည်…။Baekhyunအတွက် မျက်နှာကျက်ပေါ်မှ မီးဆိုင်း
တစ်ခုဖြင့်ပင် အခန်းတွင်းအခြေအနေကို ပိုင်းဖြတ်နိုင်
လိုက်၏…။" ကျွန်တော့်ကို ဘယ်နေရာခေါ်လာတာလဲ… "
လက်ထောက်ထိုင် ထလိုက်ရင်း အနားတွင်ရပ်နေသော
ဆရာဝန်လိုလိုလူတစ်ယောက်ကို တဆက်တည်းဆို
သလိုမေးလိုက်သည်။ ဆရာဝန်ဖြစ်ချင်မှလည်းဖြစ်နိုင်
ပါသည်…။ ပါဝါမျက်မှန်ခပ်ပါးပါးကို နှာရိုးထက် ခပ်
လျှောလျှောတပ်ဆင်ထားခြင်း နှင့် တခြားသော ခံစားမှု
တစ်ချို့ကြောင့်သာ Baekhyun ဆရာဝန်ဟု
ကောက်ချက်ချလိုက်မိခြင်းဖြစ်သည်…။" ခေါင်းတွေ မူးနောက်နေတာမျိုးရှိလား… "
Baekhyun အမေးကို ဖြေရန်အဖြေမရှိသော
ထိုသူအတွက် Baekhyunတွင်လည်း တန်ပြန်
အဖြေပြန်ဖြေပေးရန် စိတ်ကူးမရှိပါ…။လက်အောက်က နစ်ဝင်သွားသော မွေ့ယာ၏ နူးညံ့
ပျော့ပျောင်းမှုကို သိသိသာသာခံစားလိုက်ရသည်
ကြောင့် လက်ဖဝါးကိုသာ အသာလှန်ကြည့်လိုက်သည်။
တစ်သက်နှင့်တစ်ကိုယ် ဒီလိုနူးညံ့မှုမျိုးသည် Baekhyunအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်၏။ဟုတ်သည်… အသက်နှင့်ကို ချီ၍ပြောနိုင်သည်…။
" Byun Baekhyun ssi…
ခေါင်းတွေနောက်တာ… အမြင်မကြည်တာတွေ
ရှိသလား… "" သခင်မကြီးနဲ့တွေ့ချင်တယ်…
ခဗျားကို ငှားထားတဲ့ ပြင်သစ်သခင်မကြီးနဲ့
ကျွန်တော်တွေ့ချင်တယ်… "
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...