[Zawgyi]
အလုပ်ခေါင်းဆောင်ဟူသောသတ်မှတ်ချက်နဲ့ ဆုံစည်း
ခဲ့ဖူးပါသော ထိုအပြာရောင်မျက်ဝန်းတွေ…။
မျက်နှာချင်းဆိုင်ရာတွင်ရှိရင်း Baekhyun သက်
ပြင်းမောကို ကြိတ်ချလိုက်မိသည်။ထိုသူက မိမိဘဝကို စေလိုရာစေခဲ့သည်တဲ့…။
" စောင့်နေရတာ အရမ်းကြာသွားတယ်မလား…
pardon…ဟိုဘက်ကအလုပ်ကလည်း
ဘယ်လိုမှဖြတ်မရနေလို့ "Baekhyun ခေါင်းငုံ့ချထားရင်း ပြုံးလိုက်မိသည်။
ပညာပြချင်၍ တမင်နောက်ကျလာပြီးမှ…။ခေါင်းပြန်အမော့တွင် Baekhyun စိတ်လိုလက်ရ
ပင် မေးလိုက်မိပါသည်။" ဘာလို့အဲ့လိုလုပ်သလဲ "
Thomas မျက်မှောင်ကြုတ်သွား၏။
ကြည့်ရတာ မည်သည်ကိုဆိုလိုမှန်း သိပုံမပေါ်…။
ထိုလောက်တောင် Baekhyunအပေါ် စိတ်တိုင်း
ကျ စီမံလာခဲ့သည်ပဲ…။" အတိတ်တွေကိုမပြောတော့ပါဘူး…
အခု စပျစ်ဝိုင်လမ်းကြောင်းကို ဘာလို့ ဖြတ်ယူသွားတာ
လဲပဲ ကျွန်တော်သိချင်တာပါ။
စီးပွားရေးနယ်ပယ်စည်းကမ်းတွေကို Sir Thomas
လည်း နားလည်နေမယ်ထင်တယ် "" သွေးသားတော်စပ်တာက ဦးလေးမို့
ဦးလေးလို့ ခေါ်လည်းဖြစ်ပါတယ် Baekhyun
လေးရဲ့… "Baekhyun ဟက်ဟက်ပက်ပက်ပင် ထရယ်လိုက်
မိလေသည်။ အလုပ်အကျွေးပြုဟူသောသတ်မှတ်ချက်
ထဲကို ပို့ပစ်ခါကပို့ပစ်ပြီး ချိုးနှိမ်စွာအဆက်ဆံခံရချိန်က ဦးလေးဆိုသော ပတ်သက်မှုသည် ထိတွေ့ရန်ပင်
မတတ်စွမ်းနိုင်ခဲ့သည်ကို…။
ယခုမှ လူကြားကောင်းအောင် သုံးပြနေသည်က…။" အခုကိစ္စသာရှင်းပြပေးပါလား
Sir… Thomas… "နောက်လိုက်တစ်ချို့လည်းရှိနေသည့်အတွက် Thomasမျက်နှာက ကွက်ခနဲပင် ပျက်ချသွားသည်။
ပြင်သစ်တော်ဝင်မျိုးဆက်သွေးပါသူပီပီ ဒီကောင်ငယ်
လေးသည်လည်း အနည်းငယ်လေးမျှပင် လျှော့တွက်၍
မရသလို အတင်စီးလည်းမခံခဲ့…။ထို့အတွက် Thomasဘက်မှ အခြေအနေကိုထိန်း
သလို တဟင်းဟင်းနှင့်ရယ်လာသည်။
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...