Part - 6

760 174 13
                                    

[Zawgyi]

ဒီနေ့က Baekhyun ခေါက်ဆွဲပြုတ်ကို ပထမဆုံး
ပြုလုပ်မည့်နေ့…။
စိတ်လှုပ်ရှားနေသော Baekhyunက ပါဝင်ပစ္စည်း
အမည်တွေကို ထပ်ခါထပ်ခါရေရွတ်နေသေးသည်။

ဦးလေးKim၏ ပြသခဲ့မှုများကို Baekhyun
အကြိမ်ကြိမ်အဖန်ဖန်ပြန်တွေးရင်း အရသာကောင်း
အောင်လုပ်နိုင်ပါမည်လားဆိုတာ သံသယစိတ်ဖြင့်
ပိုပိုစိုးထိတ်လာ၏…။

" အစမ်းသဘောပဲ…
အတည်ကြီးလုပ်ခိုင်းတာမဟုတ်လို့ ပေါ့ပေါ့ပါးပါးလေးပဲ
ပြင်…။
ခေါက်ဆွဲအပြင်တောင် Baekhyun ပြင်ပြီးခဲ့ပြီပဲ…
မဟုတ်ဘူးလား… "

မကြာခဏဆိုသလို လက်နှစ်ဖက်ကို အချင်းချင်းဆုပ်
နှယ်နေသော Baekhyunအား ဦးလေးKim
အားပေးလိုက်ရသည်။ ထိုအားပေးမှုက အရာမရောက်
မှန်းလည်း ဦးလေးKimသိလိုက်၏…။
အကြောင်းက မိမိထံတစ်ချက်လေးမျှပင် အကြည့်
မရောက်လာသော Baekhyunက မျက်စိရှေ့မှ
ဒယ်အိုးကိုသာ ပေါက်ထွက်မတတ်စိုက်ကြည့်နေခြင်း
ကြောင့်ပင်…။

ခေါက်ဆွဲပြုလုပ်ဖို့အချိန်ရောက်သည့်အခါ Baekhyun သွက်သွက်လက်လက်စတင်သည်။
ပတ်ဝန်းကျင်ကို အာရုံမရောက်တော့သလို…စိုးထိတ်
စိတ်ဖြင့်ပြုလုပ်နေသော ခေါက်ဆွဲများက အပူချိန်မှန်ရဲ့
လားဆိုတာ အတပ်မပြောနိုင်တော့…။

ဘေးမှအရံထည့်သောဟင်းခတ်အမည်များကလည်း
ပမာဏအပိုအလိုရှိနေသည်ကို ဦးလေးKimသိလိုက်
မိသည့်အခါ Baekhyun မမြင်အောင် ပြုံးလိုက်မိ
သည်။

ကြောင့်ကြမှုဖြင့် စိတ်လှုပ်ရှားနေသော Baekhyun
ပုံရိပ်က ချစ်စရာကောင်းနေ၏…။

တစ်ချက်တစ်ချက် ပြင်သစ်လို ထထညည်းလိုက်သည်မှ
လွဲ…Baekhyunက စိတ်အာရုံတစ်ခုလုံးကို
ခေါက်ဆွဲပြင်ဆင်နေသည့်အပေါ်တွင်သာ ထည့်ထား
သည်…။ အချိန်အဆလွဲနေသည်များကတော့ ချွင်းချက်
ပေါ့…။

" နောက်ဆုံးတော့… "

Baekhyun နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ချိတ်
ဆွဲသွား၏။ ပထမပြင်ဆင်မှုတုန်းကထက် ပိုမိုသပ်ရပ်
နေသော ခေါက်ဆွဲတစ်ပန်းကန်ကို Baekhyun
ပြုလုပ်နိုင်ခဲ့ပြီ…။
အင်း…အရသာတော့ အာမ မခံနိုင်ပေမယ့်…။

143 -N- 637Where stories live. Discover now