[Zawgyi]
" ဒါဆို ငါ Chanyeolကို အကြီးကြီးဒုက္ခပေးမိ
ခဲ့တာပဲ… "ဆိုဖာထက်တွင် ငူငိုင်ငိုင်ဖြစ်နေသော Baekhyun
အတွက် လွန်ခဲ့သောလေးညခန့်ကအဖြစ်အပျက်များကို
ရုတ်ခြည်းသတိရသွားသည်က သိပ်ဆိုးသည်ဟု
ပြောရမည်လား…။ သတိရမိသွားသည်က Chanyeol၏အရှေ့တွင် ဖြစ်နေမိသည့်အတွက်…။Chanyeol၏အကြည့်တို့သည် Baekhyun၏
စိုထိုင်းထိုင်းဖြစ်နေသောဆံပင်သားတို့အပေါ်တွင်
ရောက်နေသည်။ တဘတ်နှင့်သုတ်ထားသည်ဆိုသော်
ငြား… သုတ်ထားသည်ဟုမထင်ရလောက်အောင်
စိုစွတ်နေဆဲဖြစ်၏…။" Baekhyun… မင်း ဆံပင်… "
" ဒါဆို သေချာပြန်စဉ်းစားကြည့်မှ မင်းဟိုးတစ်နေ့ညနေက လွယ်ထားတဲ့ ကျောပိုးအိတ်က ငါ့အိမ်ကနေပြန်သယ်သွားတဲ့အိတ်ပဲနော့…
ငါ့နှယ် ငါ့လက်နဲ့ကိုယ်တိုင်ဆွဲလိုက်ပြီးမှ
မမှတ်မိရဘူးလို့… ဦးနှောက်ကတော့… "တပြိုင်နက်တည်းထွက်လာသော စကားနှစ်ခွန်းတွင်
Baekhyun၏အသံက ပိုအားသာသွားသည်။
တိုးဖျော့သွားပြီးသည့်နောက် လုံးဝပျောက်သွားပါသော
Chanyeol၏စကား…။Chanyeol လုံးဝအာရုံရောက်နေပါသော ဆံပင်
သားများထံ လက်နှစ်ဖက်ကို ထိုးသွင်းလိုက်ရင်း
Baekhyun စိတ်ညစ်ညူးနေသည်။
အသိစိတ်လွတ်ပြီး သောင်းကျန်းခဲ့သည်ကိုပဲ စိတ်ညစ်
ရမည်လား…
ထိုသောင်းကျန်းမှုကို မမှတ်မိသည်ကိုပဲ မျက်နှာပူရ
မည်လား…
ကာယကံရှင်ကိုယ်တိုင်ပြောပြမှ မျက်နှာပျက်စရာကိစ္စ
တို့ဖြစ်ခဲ့သည်ကို အမှတ်ရခဲ့သည်ကိုပဲ ရှက်ရွံ့ရမည်
လားဆိုတာ သေချာမပိုင်းခြားနိုင်တော့…။" ငါ နောက်ခါ အရက်ကိုယောင်လို့တောင်
ခိုးမသောက်တော့ပါဘူး… "ဆရာရှေ့ခံဝန်ကတိထိုးနေသောကျောင်းသားတစ်
ယောက်လို Baekhyun၏မျက်နှာအမူအရာက
တိကျနေ၏…။
မမှိတ်မသုန်စိုက်ကြည့်နေသော Chanyeol အကြည့်များကို တန်ပြန်စိုက်ကြည့်လိုက်ရင်း ခေါင်းပင်
တစ်ချက်ငြိမ့်ပြလိုက်သေးသည်…။" ထားလိုက်တော့ Baekhyun…
နောက်ခါ မင်း အရက်သောက်မိလည်း
ငါ့ကိုမခေါ်မိဖို့ပဲ အရေးကြီးတယ်… "
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...