[Zawgyi]
" Chanyeol အိမ်က ဒီတိုင်းပဲနော်
သာမန်ပဲ… "Chanyeol၏ ခေါ်ဆိုမှုနောက်တွင် နောက်တစ်
ကြိမ်ထပ်ခေါ်ရန်မလိုသော Baekhyunက
မှုန်မဲ့မဲ့မျက်နှာလေးနှင့် ခေါင်းငြိမ့်ပြလာပြီးသည့်နောက်
Chanyeolအိမ်ကို လိုက်ပါလာခဲ့၏…။အိမ်တစ်အိမ်ထဲကိုရောက်ရောက်ခြင်း ဤကဲ့သို့ဝေဖန်
စကားပြောနိုင်သည်လား Chanyeol သေချာမသိ။
သို့သော်…Baekhyunကတော့ ရောက်ရောက်ခြင်း
ကို Chanyeolအိမ်ကို ဝေဖန်ပြီးသွားခဲ့ပြီ…။" ငါက ဘယ်မှာအိပ်ရမှာလဲ… "
Baekhyun၏ စကားများက Chanyeolနားထဲ
သို့ ဝင်တစ်ချက် မဝင်တစ်ချက်…။
မထိန်းလိုက်နိုင်စွာ ခေါ်ဆိုလိုက်မှုကို Chanyeol
ကိုယ်တိုင် ယခုထိ လက်မခံနိုင်ဖြစ်နေသေးသည်။
Chanyeolကတော့ တကယ်ကို ပါးစပ်ကို
ထိန်းသင့်နေပြီပဲ…။" Chanyeolအိပ်ခန်းထဲပဲ လိုက်အိပ်ရမှာလား "
ဧည့်သည်တစ်ယောက် အိမ်ရောက်နေသည်နှင့်မတူပဲ
ရင်းရင်းနှီးနှီးရှိစွာ Baekhyun၏အပြုအမူတို့ကအစ
ပိုင်နိုင်လွန်းလှသည်။
ပြောသည့်စကားအတိုင်း အိပ်ခန်းထဲသို့ဝင်ရန်ခြေဦး
ပြင်နေသည့်အတွက် Chanyeol ကပျာကယာဖြင့်
အမြန်လှမ်းတားလိုက်ရ၏…။" ဆိုဖာပေါ်မှာပဲအိပ် Baekhyun… "
" ဒါပေမယ့်… "
" အဲ့ဒါမှမအိပ်နိုင်ရင် မင်းအိမ်ပြန်အိပ်လို့ရတယ် "
ထပ်အတွန့်မတက်ရဲအောင်ပင် Chanyeol
စကားက ပြတ်သည်။ ရှိုက်ကြီးတငင်ငိုထားသည်ကိုမှ
မစာနာ… အိမ်ပြန်အိပ်ဖို့နှင့်ပင် ယှဉ်၍ ရွေးချယ်ခိုင်းနေ
သည်…။အရိပ်အခြည်သိသော Baekhyunက ထပ်တောင်း
ဆိုခြင်းပင်မပြုတော့ဘဲ မြင်နေရသောဆိုဖာပေါ်
လျင်လျင်မြန်မြန်ပင် တက်ထိုင်လိုက်တော့၏…။
အနည်းဆုံးတော့ တစ်ယောက်တည်းမဖြစ်တော့ဘူး
ပေါ့…။မိမိကိုဆိုဖာပေါ်ပစ်ကာ သူ့အိပ်ခန်းထဲသူ ဝင်သွားသော Chanyeolကို Baekhyun စိတ်မဆိုးရက်အား။
တကယ်ကို အနည်းဆုံး…
တကယ်ကို အနည်းဆုံးအနေနဲ့တော့ အိပ်မက်ဆိုးထပ်
မက်ခဲ့လျှင်တောင် တစ်ယောက်တည်းမဟုတ်ဟူသော
အသိကို Baekhyun ခံစားရနိုင်သည်…။
အိမ်ထဲတွင် ကိုယ်နှင့်အတူတူ တစ်စုံတစ်ယောက်ရှိနေ
ပါသည်ဆိုသော ခံစားချက်ကို Baekhyun ပိုင်ဆိုင်
နိုင်သေးလေ၏…။
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...