Part - 8

750 149 52
                                    

[Zawgyi]

Baekhyun နောက်တစ်ရက်မနက်မိုးလင်းလာလို့
မျက်လုံးပွင့်လာတဲ့အချိန်က သူ့အိမ် သူ့ကုတင်ပေါ်မှာပဲ
ဖြစ်နေခဲ့ပါသည်။
စေ့ရုံသာစေ့ထားတတ်တဲ့ တံခါးချပ်တို့ကို Chanyeol တွန်းဖွင့်ကြည့်ဖို့ရာအထိ ထုံအ မနေခဲ့။

ကိုယ်ပေါ်မှ ခြုံစောင်ပါးကို ခဏတာကိုင်ထားရင်းမှ
Baekhyun အတွေးတို့က မနေ့ညထံအလျင်
အမြန်ကူးပြောင်းကုန်၏…။
နှေးကွေးခြင်းတောင်မရှိပါဘဲ ပြန်ပေါ်လာပါသော
မှတ်ဥာဏ်တွေ…။

" ငါ…ငါက Chanyeolကို
ကျောပိုးခိုင်းခဲ့သေးတာတဲ့လား… "

ခြေထောက်နှစ်ဖက်ကိုလှုပ်ခါရင်း Baekhyun
စောင်ကို ခေါင်းပေါ်ထိဆွဲခြုံပစ်လိုက်သည်။
ကံကောင်းလို့ Chanyeol…သူ့ကို လမ်းမထက်
ပစ်မထားခဲ့တာပဲ…။
Chanyeol စိတ်ကောင်းဝင်နေတာဖြစ်ရမည်။
ထို့ကြောင့်သာ ခြံဝန်းကွပ်ပျစ်လေးထက်တွင်ပင် မဟုတ်
ဘဲ အိမ်ထဲက ကုတင်ပေါ်ထိတင်ကာ ခြုံစောင်ပါးလေး
ခြုံပေးခဲ့သည်အထိ ပြုမူပေးခဲ့သည်လေ…။

Baekhyun က ထုံးစံအတိုင်း Chanyeolနှင့်
မဆုံမိစေရန် အိမ်မှစောစောထွက်သည်။
ဒါက Baekhyun…Chanyeolစိတ်ဆိုးအောင်
လုပ်ခဲ့ပြီးသည့်နောက် ပြုလုပ်လေ့ရှိတဲ့အလေ့အကျင့်ပဲ။

ဒီနေ့လည်း Baekhyun… ခေါက်ဆွဲဆိုင်ကို
စောစီးစွာရောက်လာခဲ့ပြန်ပြီ…။
အရက်နာကျနေမည်အထင်နှင့် Baekhyunကို
ဒီနေ့ဆိုင်ရောက်လာမည်မဟုတ်လောက်တော့ဟု
ဦးလေးKimတွက်ဆထားပုံပေါ်သည်…။

ဆိုင်ပေါက်တွင် Baekhyunကိုမြင်လိုက်ရသည့်
အခိုက် ဦးလေးKimက တအံ့တသြဖြစ်စွာနှုတ်ဆက်
လာ၏…။

" Baekhyun ရောက်လာတယ်ပေါ့… "

" ဟုတ် ကျွန်တော်… ဟီး "

ခေါင်းလေးကိုကုတ်လိုက်ရင်းသာ Baekhyun
မချိတင်ကဲရယ်ပြလိုက်ရပါသည်။
မသိအောင် အရသာခိုးသောက်ကြည့်ပါမှ အိမ်နီးချင်း
ကိုပင် လှမ်းခေါ်ကာ အိမ်ပြန်ပို့ခိုင်းရသည့်အဖြစ်ရောက်
နေသည်မို့… အမှန်အတိုင်းဝန်ခံရလျှင် ဦးလေးKim
ကို မျက်နှာချင်းဆိုင်ရမှာ Baekhyun မျက်နှာပူ
သည်။

သို့သော်… ဦးလေးKimကို မျက်နှာပူသည်ထက်
Chanyeol နှင့်ဆုံရမည်ကို ပိုဝန်လေးသောကြောင့်
စောစောစီးစီးသာထွက်လာမိခဲ့ခြင်းဖြစ်၏…။

143 -N- 637Where stories live. Discover now