[Zawgyi]
" မင်းက ဒီလိုသွားလာနေလို့ဖြစ်လို့လား "
တိတ်ဆိတ်နေသောအခင်းအကျင်းလေးထဲ
Baekhyun အသံက သဲ့ကျလာသည်။
Chanyeolကို ကျောင်းမှအတူပြန်ခေါ်လာပြီး
ယခုကန်ဘောင်နေရာလေးသို့ရောက်နေသည့်အတော
အတွင်း Baekhyun စပြောလိုက်နိုင်သောစကား
ဖြစ်၏…။" အင်း… အံ့သြစရာကောင်းအောင်ပဲ
ငါ့ထူထောင်ရေးက အရမ်းမြန်နေတယ်တဲ့။
စိတ်ဆောင်တယ်ဆိုပြီးတော့တော့ ဆရာဝန်က
မှတ်ချက်ချပေးလိုက်တာပဲ "" အာ…ဆရာဝန်ဆိုမှ အဲ့ဆရာဝန်က မင်းသတိမရ
သေးဘူးဆိုပြီး ငါ့ကိုညာတယ် "ရေမျက်နှာပြင်ကိုငေးစိုက်ကြည့်နေရင်း Baekhyun
မျက်ဝန်းများ Chanyeolထံ ရွေ့လာသည်။
Baekhyun… Chanyeolအကြည့်များနှင့်
မဆုံရန် တမင်အကြည့်လွှဲနေသည်ဟုလည်းပြောနိုင်
၏…။အကြည့်ချင်းဆုံသွားမိသောအခါ လွန်ခဲ့သောအချိန်
ကတည်းက မိမိကိုသာငေးကြည့်နေသော
Chanyeolက ပြုံးပြလာခဲ့သည်။
ထို့နောက်… … …" အခုမှပဲ အကြည့်လေးရတော့တယ် Baekhyun
မင်းဆီက အကြည့်လေးရဖို့ကလည်း ခက်လိုက်တာ "နူးညံ့စွာဆိုလာသော စကားတို့ကြောင့် Baekhyun
မွေးနေ့ပွဲမှ Chanyeolစကားတစ်ခွန်းကို ပြန်အမှတ်ရသွားသည်။*ချစ်တယ် Baekhyun*
Baekhyun အသက်အောင့်မိမယောင်ဖြစ်သွား
၏။ Chanyeolသည် မိမိအား ဖွင့်ပြောထားသည်
ဆိုတာ မေ့လျော့နေခဲ့မိသည်ပဲ…။ရုတ်တရက်ကြီး ရင်ခုန်သံတို့မြန်လာကာ ပါးပြင်နှစ်ဖက်
က ပူနွေးလာသည်။ ဒါ… ရုပ်ရှင်၊ ဝတ္ထုတွေထဲကလို
ရှက်တဲ့လက္ခဏာတွေများလား…။
ဒီလိုသာဆို ထိုထဲတွေကအတိုင်း Baekhyunပါး
ပြင်တို့တော့ ပန်းရောင်တို့သိသာစွာပြေးနေတော့မည်
ထင်ပါသည်။Baekhyunက ချက်ချင်းဆိုသလို အကြည့်လွှဲသွား
ပြန်သည်။ အရေးကြီးသည်မှာ Chanyeol…
မိမိပါးပြင်ကိုမမြင်ရန်သာဖြစ်၏…။" ဆရာဝန်အကြောင်းပြောနေတာကို
ဘာလို့ မဆိုင်တာတွေစကားလမ်းကြောင်းပြောနေ
တာလဲ "စကားတို့အထစ်ထစ်မဖြစ်စေရန် ကြိုးစားလိုက်ရသည်။
Chanyeolထံမှ ခပ်သြသြရယ်သံတစ်ခုထွက်လာ
သည်။ ဘာကြောင့်ရယ်နေသလဲဟု မေးလိုက်ချင်သော်
ငြား အကြည့်ချင်းထပ်ဆုံမည်ကို စိုးထိတ်သည့်အတွက်
ရှေ့တည့်တည့် ရေမျက်နှာပြင်ကိုသာ အကြည့်မလွှဲ
စတမ်းထားလိုက်သည်။
YOU ARE READING
143 -N- 637
Fanficဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...