💜 🌨️ 1

16.1K 561 16
                                    

[Unicode]
အောက်တိုဘာလလယ်ကို ရောက်လာလို့ ထင်ပါရဲ့။  အပူချိန်အကူးအပြောင်းဒဏ်ကြောင့် အရောင်စုံ ပြောင်းတဲ့ သစ်ရွက်လေးတွေတောင် တဖြုတ်ဖြုတ် ကြွေကျနေပြီ။

ဆောင်းဦးလယ်ကို ကျော်လာတာမို့ အအေးဓာတ် လွန်ကဲလာတယ်။ ‌နွေးနွေးထွေးထွေးဝတ်ထားတဲ့ ဂျောင်ကုက နီညိုရောင်ပြောင်းနေတဲ့ မေပယ်လ်တွေ ကြွေတဲ့လမ်းမှာ မနက်စောစော လမ်းလျှောက်နေတယ်။ အကောင်းမြင်စိတ်ရှိတဲ့ ဂျောင်ကု က ကိုးရီးယားနိုင်ငံရဲ့ ရာသီစက်ဝန်းလေးခုလုံးကို သဘောကျနှစ်သက်ပါရဲ့။

အခုလည်း ကြည့်လေ... ချမ်းချမ်းစီးစီး တနင်္ဂနွေ လို မနက်ခင်းမျိုးတောင် လမ်းထလျှောက်ပြီး မေပယ်လ်ရွက်တွေရဲ့ အလှကို ခံစားနေတာ။

မေပယ်လ်ရွက်တွေရဲ့ အလှဆုံးအချိန်ဟာ အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း နောက်ဆုံး ကြွေကျခါနီး အချိန်ပဲ.... မဟုတ်သေးဘူး မြေပြင်ပေါ်ကြွေကျပြီးတောင် ဆက်လှပနေသေးတယ်လို့ ပြောရင် လွန်မယ်မထင်။

ဂျောင်ကုရဲ့ လှပတဲ့မနက်ခင်းလေးဟာ မျက်နှာချင်းဆိုင်က စက်ဘီးစီးလာနေတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ ခပ်စွာစွာအသံလေးအောက်မှာ ပိုအသက်ဝင်သွားတယ်။

"ဘေးကို ဘေးကို ဟိုလူကြီး ဘေးကို စက်ဘီးဘရိတ်မမိတော့လို့"

ရုတ်တရက်မို့ ကြောင်ပြီးရပ်ကြည့်နေမိတဲ့သူ့ကို တိုက်မိမှာစိုးလို့ စက်ဘီးကို ဘေးဘက်ဆွဲချလိုက်တော့ မေပယ်လ်ပင်ကို ဝင်တိုက်မိပြီး စက်ဘီးရပ်သွားတယ်။ ‌ခရမ်းရောင်ကုတ်ကြီးကို ဝတ်ထားတဲ့ ကောင်ကလေးဟာ မြေပြင်ပေါ်မှာ ထိုင်လျက်သားလေးနဲ့ သူ့ရဲ့သွေးစို့နေတဲ့တံတောင်ဆစ်ကို ကြည့်ပြီး ရန်တွေ့တယ်။

"ဘာတွေ အဲ့လောက်တွေးနေတာလဲ လူကြီး အော်နေတဲ့လူက အသက်ထွက်တော့မယ် ဒီမှာ ဒဏ်ရာရသွားပြီ ရော်"

ကောင်ကလေးဆီကို လျှောက်သွားပြီး သူ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာ အနာကိုကြည့်မိတော့ တံတောင်ဆစ်က တော်တော်လေး ပွန်းသွားတာပင်။

"ကောင်ကလေး ကိုယ် ဆေးထည့်ပေးချင်ပေမယ့် ဒီနားက ဆေးဆိုင်တို့ ဈေးဆိုင်တို့ မရှိဘူး ကိုယ်ဘယ်လိုလုပ်ပေးရမလဲ"

Purple Snow 💜 🌨️ (Completed)Where stories live. Discover now