💜 🌨️ 13

3K 262 4
                                    

[Unicode]

ဒီနေ့က တက္ကသိုလ်တွေ ပထမဆုံးစဖွင့်တဲ့ရက်။ ဒီအချိန်ဆို ကောင်ကလေး ကျောင်းရောက်နေလောက်ပြီ။ ဒီနေ့က ဂျောင်ကုရဲ့ ဇာတ်ညွှန်းအသစ်ကို ဇာတ်လမ်းစတင်ရိုက်ကူးမှာမို့ ရိုက်ကွင်းကို သွားကြည့်တာဖြစ်တယ်။
 
နေ့လည်စာစားချိန်လောက် ပြန်ဖြစ်တာမို့ ကောင်ကလေးကို သတိရမိတယ်။ အိမ်ပြန်လမ်းက ဆိုးတက္ကသိုလ်ဘက်ကြုံနေတာမို့ ဝင်ကြည့်ရင်ကောင်းမလားစဉ်းစားမိပေမယ့် လူငယ်တွေကြားထဲ ဂျောင်ကုလိုလူကြီးတစ်ယောက်က ကန့်လန့်ကန့်လန့်ဖြစ်နေမှာလည်းစိုးတယ်။ ခုချိန်လောက်ဆို ကောင်ကလေးက သူငယ်ချင်းရပြီး ပျော်နေလောက်မလား ဒါမှမဟုတ် ဂျစ်တူးကလေးက တစ်ယောက်တည်းပဲဖြစ်နေမလား စိုးရိမ်ရပြန်တယ်။ နောက်တော့လည်း တွေ့ချင်စိတ်လေးက အနိုင်ရသွားပြန်တာပါပဲ။

‌ကျောင်းဝင်းထဲကို ကားလေးကွေ့ဝင်လိုက်ချိန် ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုက တိုက်တိုက်ဆိုင်ဆိုင် ကောင်ကလေးထံက ဖြစ်နေတယ်။

"ဟယ်လို ကောင်ကလေး"

"လူကြီး အဟင့် ဘယ်မှာလဲဟင်"

စထူးကတည်းက ငိုသံလေးနဲ့ဆိုတော့ ဂျောင်ကုပျာယာခတ်ချင်သွားတာပါပဲ။ ကားကို ပါကင်ထိုးရင်း ကောင်ကလေးကို မေးမြန်းရတယ်။

"ဘာဖြစ်လို့လဲ ကောင်ကလေး‌ရေ ငိုနေပြန်တာလား"

"အဟင့် ကျနော်အိမ်ပြန်ချင်တယ် တက္ကသိုလ်မတက်ချင်တော့ဘူး"

"ဟင် ဘာလို့ သူငယ်ချင်းမရှိလို့လား ကောင်ကလေး စတက်တာ နေ့တစ်ပိုင်းပဲရှိသေးတာကို"

"အဟင့် ကျနော်မတက်ချင်တော့ပါဘူးဆို အိမ်ပြန်ချင်လို့ လာခေါ်ပါဆိုနေ"

"ကောင်ကလေး အခုဘယ်မှာလဲ"

" Maths အဆောင်ဘက် အခန်းနံပါတ် 103 မှာပဲ ထိုင်နေတယ် အဟင့် မြန်မြန်လာပါ"

"ကိုယ် အခုလာပြီ ခဏပဲစောင့်နော်"

ဂျောင်ကု ဘေးနားကဖြတ်သွားတဲ့ ကလေးတစ်ယောက်ကို ပထမနှစ် Maths အဆောင် ဘယ်နားရှိလဲ သေချာအောင်မေးရသေးတယ်။ ဂျောင်ကုတို့တုန်းကလိုပဲ Maths အဆောင်နေရာက မပြောင်းလဲသေးတာမို့ ခြေလှမ်းတွေကိုခပ်မြန်မြန်လှမ်းရင်း သွားလိုက်တယ်။

Purple Snow 💜 🌨️ (Completed)Onde histórias criam vida. Descubra agora