💜 🌨️ 2

5.4K 377 7
                                    

[Unicode]
အသက်၃၀ကျော်အရွယ် ယောက်ျားတစ်ယောက်က လုပ်စရာအလုပ်တွေ သိပ်များလွန်းလှတယ်။ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ဂျောင်ကုက နာမည်ကြီးတွေရဲ့ဧည့်ခံပွဲတွေတက်ရသလို သူကိုယ်တိုင်ကလည်း ပန်းချီပြပွဲတွေဆို သွားကြည့်ဖို့ ဝါသနာထုံသေးတယ်။

ရာသီစက်ဝန်း၄ခုလုံးရဲ့ မနက်ခင်းတိုင်းကို လမ်းလျှောက်ပြီး ခံစားချင်သလို စာအုပ်ကောင်းလေးတွေလည်း ဖတ်ချင်သေးတာ။ တခါတရံလည်း အစားအသောက်အသစ်အဆန်းတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သေးတယ်။

အမေရိကန်မှာနေထိုင်တဲ့ ဂျောင်ကုရဲ့မိဘနှစ်ပါးကတော့ သူတို့သားလေးကို မိသားစုလေးနဲ့ မြင်ချင်နေကြပေမဲ့ လူပျိုကြီးရဲ့နှလုံးသားဟာ အသက်၂၄  မှာတည်းက အေးစက်သွားခဲ့တယ်။

Seoul မြို့ရှိ နာမည်ကြီး Condo တစ်ခု ရဲ့ ၂၇ ထပ်မြောက်မှာနေပြီး 2020 model Mercedes Benz A class ကိုစီးနိုင်တဲ့ဂျောင်ကုဟာ အောင်မြင်ပြီး ချမ်းသာတဲ့လူရွယ်တစ်ယောက်။ ဂျောင်ကုမိဘ တွေဟာလည်း အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပေမဲ့ ဂျောင်ကုက Low Profile နဲ့ နေတဲ့သူတစ်ယောက်မို့ သူ့အကြောင်းမသိကြတာ။

ဂျောင်ကုက လောဘနည်းပြီး အလုပ်နဲ့ ဘဝကို မျှတပျော်ရွှင်စွာ နေတတ်ပေမယ့် မိဘတွေရှာသမျှက သူ့အတွက်ချည်း ဖြစ်လို့နေတယ်။ နောင်ရေးအတွက်တွေးပူပြီးတော့ အလုပ်တွေကို မတရား သိမ်းကျုံးလုပ်စရာမလိုတဲ့ ကံထူးတဲ့သူတစ်ယောက်ဖြစ်တယ်။

ကောင်ကလေးရဲ့စက်ဘီးကို ပြင်ဆိုင်မှာသွားအပ်ထားတာကို ဂျောင်ကု တစ်ပတ်ကြာမှ ပြန်ယူဖြစ်တယ်။ ကောင်ကလေးကတော့ ဂျောင်ကုကို စိတ်တိုနေမယ်ထင်ပါရဲ့။

မနက်စောစောထပြီး ကောင်ကလေးရဲ့အိမ်ကို ဂျောင်ကုလာလိုက်တယ်။ ခရမ်းရောင်သစ်သားခြံစည်းရိုးလေးရှေ့မှာ သူ့ကားကိုရပ်ပြီး ခြံထဲကိုဝေ့ဝဲကြည့်မိတော့ ကောင်ကလေးကို တွေ့ရတယ်။ ခုန်ဆွ၊ ခုန်ဆွနဲ့ လေ့ကျင့်ခန်းလုပ်နေပုံရတဲ့  ကောင်ကလေးရယ်၊ ဘေးနားမှာပတ်ပြေးနေတဲ့ ‌Dobermen အမျိုးအစား ခွေးအမည်းလေးတစ်ကောင်ရယ်။

Purple Snow 💜 🌨️ (Completed)Donde viven las historias. Descúbrelo ahora