💜 🌨️ 24

3.4K 248 3
                                    

[Unicode]

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာတယ်။ တဖြည်းဖြည်းနဲ့  အရွယ်ရောက်လာတဲ့ကောင်ကလေးက တက္ကသိုလ်ကနေ ဘွဲ့တောင်ယူပြီးခဲ့ပြီ။ ဂျောင်ကုကတော့ ကောင်ကလေးကို စတွေ့ချိန်က ခရမ်းရောင်လုံးလေးလို့ပဲ မြင်နေတယ်။ ပါးဖောင်းဖောင်းလေးနဲ့ ခရမ်းရောင်စက်ဘီးလေးကိုစီးပြီး သစ်ပင်ကိုဝင်တိုက်ခဲ့တဲ့ ကောင်ကလေးပေါ့။ ပြီးတော့ Mr.Kim နဲ့ Mrs.Kim ကိုလည်း ကောင်ကလေးနဲ့ ချစ်ခင်စုံမက်နေတာကို ဖွင့်ဟဝန်ခံပြီးပြီ။

စစချင်းတော့ Mr.Kim က သဘောမတူသလို Mrs.Kim ကလည်း ဂျောင်ကုကို အသက်ငယ်တဲ့ ကလေးလေးကို ဖြားယောင်းတယ်ဆိုပြီး စွပ်စွဲပြောဆိုလာတယ်။ Mrs.Kim ရဲ့ ပြောဆိုမှုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် အဲ့ဒီအချိန်မှာ ကောင်ကလေးက ဂျောင်ကုအတွက် သူရဲကောင်း ပါပဲ။

ဂျောင်ကု အရှေ့ကနေကာပြီး "သားက လူကြီးကို နှလုံးသားထဲကချစ်တာ လူကြီးကဖြား‌ယောင်းတာမဟုတ်ဘူး" ဆိုပြီး ပြောခဲ့တဲ့ကောင်ကလေးရယ်ပါ။ ဒါက အသက်အရွယ်ကွာခြားမှုကြောင့် အမြဲပူပန်နေခဲ့ရတဲ့ ဂျောင်ကုစိတ်ကို သက်သာရာရစေပြီး ကောင်ကလေးရဲ့အချစ်ကို စတင်ခံစားမိလာတယ်။

အလွယ်တကူ လက်မခံခဲ့တဲ့ Mr.Kim တို့ကြောင့် ကောင်ကလေးက အပြင်းအထန်ဆန္ဒပြသလို ဂျောင်ကုလည်း နေ့တိုင်း အိမ်ကိုလာပြီး လက်ခံဖို့ တောင်းဆိုခဲ့ရတယ်။ နှဲ့ပါများလို့နဲ့နေတဲ့ Mr.Kim တို့ကို လက်ခံသွားစေတဲ့အကြောင်းအရင်းကလည်း ကောင်ကလေးပြောခဲ့တဲ့ စကားလေးကြောင့်ပါပဲ။

"သားတို့ရဲ့ ချစ်ခြင်းကိုခွဲတဲ့ ပါးပါးနဲ့ မားမားကို မုန်းတယ် လူကြီးကို နေ့တိုင်း နှင်ထုတ်နေတာလည်း မုန်းတယ် ပါးပါးနဲ့ မားမားလက်မခံရင် သားက ထွက်ပြေးလိုက်မှာနော်"

နောက်ဆုံးတော့ မကြည်ဖြူချင်ဘဲ ကြည်ဖြူလိုက်ရတဲ့ Mr.Kim ၊ Mrs.Kim နဲ့ ဂျောင်ကုတို့က ကောင်းမွန်တဲ့ဆက်ဆံရေး အဖြစ် ရှိနေကြပြီဖြစ်တယ်။

✨✨✨✨✨

အသက်ကလေး နည်းနည်းကြီးလာတော့ ကောင်ကလေးက လူကြီးလေးလိုပဲ။ သုံးနှစ်အရွယ် တူလေး ဘော်ဘီလေးကိုလည်း မိတဆိုးလေးဆိုပြီး သည်းသည်းလှုပ်ချစ်ရှာတယ်။ ဒါပေမဲ့ ဂျောင်ကုနဲ့   Kim မိသားစုအပေါ်တော့ အရင်လို စိတ်ဆိုးစိတ်ကောက်ကာဂျီကျတတ်ဆဲပါပဲ ။

Purple Snow 💜 🌨️ (Completed)Tahanan ng mga kuwento. Tumuklas ngayon