[Unicode]
တက္ကသိုလ်တက်တာ တစ်ပတ်ရှိပြီဆိုတော့ ထယ်ယောင်းလေးက ဟိုဆော့နဲ့ ဂျီမင်းကို သူငယ်ချင်းအဖြစ် တရားဝင်လက်ခံလိုက်ပြီ။ အိမ်က ပါးနဲ့ မားတောင် ဂျောင်ဟိုဆော့နဲ့ ပတ်ခ်ဂျီမင်းဆိုတဲ့နာမည်နှစ်ခုကို တော်တော်ရင်းနှီးနေပြီ။ ထယ်ယောင်းလေးက အိမ်ပြန်ရောက်ရင် ကျောင်းမှာဘာလုပ်ခဲ့တယ်၊ ဘယ်သူ့ကိုတော့ ကြည့်လို့မရဘူး၊ ဘယ်သူနဲ့အတူတူနေ့လည်စာစားတယ်ဆိုတာတွေကို ရိုက်စစ်စရာမလိုဘဲ တတွတ်တွတ်ပြောပြတယ်။ ကိုကြီးဆော့ဂျင်တောင် ဟိုဆော့၊ ဂျီမင်းတို့နဲ့မျက်မှန်းတန်းမိနေပြီ။
ကျောင်းစတက်တဲ့ရက်တုန်းက ပြဿနာသေးသေးလေးလည်း ဖြစ်သွားသေးတယ်မလား။ အဲ့ဒီနေ့ညနေဘက် ကိုကြီးလာကြိုတုန်းကလည်း ဖုန်းဆက်တာ မကိုင်ရကောင်းလားဆိုပြီး စိတ်ကောက်လိုက်သေးတယ်။ ပြီးတော့ ဟိုဆော့နဲ့ ဂျီမင်းကို လက်ညှိုးထိုးပြပြီး တိုင်ရသေးတယ်။
အခုတော့ ဟိုဆော့နဲ့ ဂျီမင်းက ထယ်ယောင်းလေးရဲ့ ပါးကို လိမ်မဆွဲတော့ပါဘူး။ တခါတလေ အရမ်းအသည်းယားလို့ဆိုပြီး ပါးလေးကို လက်ညှိုးလေးနဲ့ လာလာထိကြည့်တာကလွဲလို့ပေါ့။ ဟိုဆော့နဲ့ ဂျီမင်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး နှစ်ယောက်စလုံးက သူဌေးသားလေးတွေ။ ဟိုဆော့က မုန့်အမြဲဝယ်ကျွေးပြီး ဂျီမင်းက အကောင်းစားမုန့်လေးတွေ ယူလာပေးတာမို့ ထယ်ယောင်းလေးက အခုဆို သူတို့နဲ့ အဆင်ပြေသွားပြီ။
"တီ တီ"
အိမ်ရှေ့က ကားဟွန်းတီးသံကြားတာနဲ့ ထယ်ယောင်းလေး လွယ်အိတ်လေးယူကာ ခြံပြင်ပြေးထွက်သွားတယ်။ မားနဲ့ ပါးကိုလည်း နှုတ်ဆက်ဖို့မမေ့ပါဘူး။
"မား ပါး ကိုကြီးရောက်ပြီ သားသွားပြီနော်"
"ဂရုစိုက်သွားနော် ကလေးလေး"
"ချော်လဲဦးမယ် ပါး ကလေးလေးရေ"သူ နှုတ်ဆက်ရင် ပြန်နှုတ်ဆက်မှကြိုက်တဲ့ ထယ်ယောင်းလေးကြောင့် မားနဲ့ ပါးက အလုပ်လုပ်နေရင်း အော်ပြီး ပြန်နှုတ်ဆက်ရှာတယ်။
ထယ်ယောင်းလေး နောက်က ပြေးလိုက်လာတဲ့ Bam လေး။
"Bam Bam လိမ်လိမ်မာမာနေခဲ့ မုန့်ယူလာမယ် မင်းအတွက် တာ့တာ"
KAMU SEDANG MEMBACA
Purple Snow 💜 🌨️ (Completed)
RomansaJeon Jung Kook x Kim Tae Hyung Present for 26th Birthday of Browny Bear 🐻 Started Date-22.10.2021(Friday) Completed Date-19.12.2021(Sunday)