💜 🌨️ 17

3.1K 276 9
                                    

[Unicode]

ချစ်သူတွေဖြစ်ပြီးနောက် ကောင်ကလေးကို အချိန်တိုင်းလိုလို တွေ့ချင်နေတာက ဂျောင်ကုပဲဖြစ်တယ်။ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ပဲဖြစ်ကာ သစ်ရွက်လှုပ်တိုင်းရယ်နေမိတာက ဂျောင်ကုဖြစ်နေတယ်။

ကံကောင်းတာက ကင်မ်ဆော့ဂျင်ဇနီးက အခုတလော ကျန်းမာရေးချူချာနေတာမို့ ကင်မ်ဆော့ဂျင်က ကောင်ကလေးကို အကြိုအပို့မလုပ်ပေးနိုင်တော့ပါ။ ကောင်ကလေးကို Bus နဲ့ သွားခိုင်းတာမို့ စိတ်ကလေးလက်တဆစ်နဲ့ ကောင်ကလေးက ဒေါသတကြီးငိုယိုပြီး ဂျောင်ကုကိုဖုန်းဆက်တိုင်လာတာမို့ လက်ရှိအကြိုအပို့တာဝန်ကို ဘယ်သူမှမပေးဘဲနဲ့ ဂျောင်ကုယူထားတယ်။

ကောင်ကလေးနဲ့နေ့တိုင်းတွေ့ရပြီး တီတီတာတာစကားလေးတွေနားထောင်ရတာက ဂျောင်ကုအတွက် တန်ဖိုးထားရတဲ့အချိန်လေးတွေပဲမလား။

ခရမ်းရောင်ခြံလေးရှေ့ ကားဟွန်း၂ ချက်တောက်လိုက်တော့  Mr.Kim တို့ကို နှုတ်ဆက်နေတဲ့အသံဆာဆာလေးနဲ့အတူ  အဝါရောင်လုံးလေးလိမ့်လာတယ်။ အနောက်က အချစ်တော်လေး Bam ပါ ပါလာတယ်။ ခြံတံခါးလေးကိုပိတ်ပြီး ကောင်ကလေးက ခြံပြင်ကနေ Bam ကို နှုတ်ဆက်နေသေးတယ်။ ကားပေါ်တက်လာတော့လည်း ဂျောင်ကုကို ရင်ခုန်အောင်နှုတ်ဆက်သေးတယ်။

"Morning လူကြီး Kiss me"

"Morning ကောင်ကလေး"

နှုတ်ခမ်းလေးကိုထော်ပေးထားတာမို့ ခပ်ဖွဖွလေး နမ်းလိုက်တယ်။ ဒီ‌ကလေးလေးက လူကြီးကို ရင်ခုန်အောင်သိပ်လုပ်တတ်တယ်။ အူတွေ၊အသည်းတွေယားအောင်လည်း အမူအရာအမျိုးမျိုးနဲ့  ဂျောင်ကုကို ကလူ၏သို့၊ မြှူ၏သို့ လုပ်တတ်ပါသေးတယ်။

ဒီကလူကြီးကတော့ ကြွေပြီးရင်း ကြွေနေရတာပဲ ဒီအတတ်ကလေးကို။ မနက်စာမစားရသေးတာမို့ ကျောင်းမရောက်ခင် Coffee & Desserts ဆိုတဲ့ ဆိုင်လေးမှာပဲ ကားရပ်လိုက်တယ်။ ညကတည်းက ကောင်ကလေးက ဂျောင်ကုနဲ့ဖုန်းပြောရင်း မနက်ကျရင် ဘာစားမယ်ဆိုတာ ပြောထားပြီးသားပင်။

ကောင်ကလေးကြိုက်တဲ့ Choco Pie နဲ့ Hot Chocolate Milk ကို မှာပြီး ဂျောင်ကုအတွက်က Espresso နဲ့ Brown Bread မှာလိုက်တယ်။ ကောင်ကလေးက ဟိုကြည့်၊ဒီကြည့် နဲ့ ‌ ဂျောင်ကုကို စကားစပြောလာတယ်။

Purple Snow 💜 🌨️ (Completed)Tempat cerita menjadi hidup. Temukan sekarang