💜 🌨️ 10

3.6K 277 18
                                    

[Unicode]

ဆော့ဂျင်အလုပ်က အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ဘိုရာနဲ့အတူ ညစာစားတယ်။ ဧည့်ခန်းမှာထိုင်ပြီး သတင်းကြည့်နေတုန်း ဘိုရာက ဆော့ဂျင်ကို ခဏခဏကြည့်နေတာမို့ စကားစပေးလိုက်တယ်။

"ပြောစရာရှိလို့လား ဘိုရာ"

"အော အင်း"

"ဘာကိစ္စမို့ မဝံ့မရဲပုံဖြစ်နေတာလဲ ဘိုရာ ပြဿနာတစ်ခုခုရှိရင် အတူတူဖြေရှင်းရမှာပေါ့"

"ကို ဘိုရာ့မှာ ကိုယ်ဝန်ရှိနေပြီ"

"ဘာ တကယ်လား ဘိုရာ"

"ဟုတ်တယ် ကို ခုတလော မအီမသာဖြစ်နေလို့ မနက်က စစ်ကြည့်လိုက်တာ"

"ဟုတ်လား စားချင်တာ တစ်ခုခုရှိရင်ပြောနော် ကို အရမ်းဝမ်းသာတာပဲ"

"ကျေးဇူးပါပဲ ကို ဘိုရာက ကလေးကို ကို မလိုချင်လောက်ဖူးထင်နေတာ"

ဘိုရာကစကားပြောရင်းနဲ့ မျက်ရည်တွေကျလာတာမို့ ဆော့ဂျင်ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ပြီး ကျောလေးကို ခပ်ဖွဖွပုတ်ပေးလိုက်တယ်။ လောကကြီးမှာ ကိုယ့်သွေးသားကို မလိုချင်တဲ့သူ ဘယ်သူရှိနိုင်ပါ့မလဲ။

ကလေးလေးစိတ်မကောင်းဖြစ်ပြီးဝမ်းနည်းမှာစိုးရိမ်လို့ ရင်သွေးယူဖို့ မဝံ့မရဲဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဆော့ဂျင်မျက်စိရှေ့မှာတင် ကလေးလေးက အရွယ်ရောက်လာပြီး အခုများဆို ဆော့ဂျင်ကိုဖုန်းဆက်ပြီး တဂျီဂျီမအီတော့ပါ။ ကလေးလေးကို သေချာရှင်းပြရင်တော့ နားလည်လက်ခံဖို့ မျှော်လင့်မိတယ်။ ဆော့ဂျင်အသက်အရွယ်က ရင်သွေးယူဖို့လည်း အချိန်တန်နေပြီ။

"ကို ထယ်ယောင်းလေးက သဘောကျပါ့မလား"

"ကလေးလေးကို နားလည်အောင် သေချာပြောပြရမှာပေါ့"

"ဘိုရာ့ကိုတော့ မမုန်းလောက်ပါဘူးနော်"

"ဘာတွေလျှောက်စဉ်းစားနေတာလဲ ကလေးလေးက ဘိုရာ့ကို လက်ခံလိုက်ပြီလေ"

ဘိုရာ့ကို စိတ်ချမ်းသာအောင် ပြောလိုက်ရပေမဲ့ ဆော့ဂျင်ကိုယ်တိုင်လည်း သေချာမသိပါ။ ပိတ်ရက် ပါးပါးတို့ဆီသွားမှပဲ အခြေအနေသိရတော့မယ်။

Purple Snow 💜 🌨️ (Completed)Opowieści tętniące życiem. Odkryj je teraz