💜 🌨️ 23

3.2K 259 4
                                    

[Unicode]

ကောင်ကလေးရဲ့ semester 1 စာမေးပွဲ ပထမဆုံးရက်က လီဘိုရာ ရက်လည်ပြီး နောက်တစ်နေ့ပင်။ အပြင်းဖျားတာက လေးရက်အကြာမှာ ကောင်းသွားခဲ့ပေမဲ့ နလန်ထစလိုဖြစ်နေတဲ့ ကောင်ကလေး က အစားသိပ်မဝင်တာမို့ အားနည်းနေတယ်။

စာဖြေခန်းထဲကထွက်လာတဲ့ ဖြူဖျော့ဖျော့ကောင်ကလေးဆီကို ဂျောင်ကုသွားတွဲလိုက်တယ်။ ဂျောင်ကုကိုမြင်တော့ မှိန်ဖျော့ဖျော့လေးပြုံးပြရှာတယ်။ အခုထိလည်း Mrs.Kim က ကင်မ်ဆော့ဂျင် အိမ်မှာပဲရှိနေတယ်။ မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့က အဖွားဖြစ်တဲ့ Mrs.Kim က လောလောဆယ်တာဝန်ယူထားတယ်။

ကင်မ်ဆော့ဂျင်က ပစ်ထားတဲ့ Company အလုပ်တွေထဲ ခေါင်းပြန်စိုက်နေပြီး သူ့သားလေးကိုတောင် လာမကြည့်ဘူးလို့ ပြန်ကြားရတယ်။ ဂျောင်ကုကတော့ ဆော့ဂျင်က ဘိုရာ့ဆုံးပါးမှုအတွက် ကလေးငယ်‌လေးကို အပြစ်တင်တာမျိုးတော့ မဖြစ်စေချင်ပါ။ Mr.Kim ကတော့ စကားနည်းသွားတဲ့ကောင်ကလေးကို အရိပ်တကြည့်ကြည့်နဲ့ကြည့်နေရှာတယ်။

ကားကိုမောင်းထွက်ရင်း ဂျောင်ကုမေးလိုက်တယ်။

"ကောင်ကလေး ဖြေနိုင်လား"

"ဟုတ် ဖြေနိုင်ပါတယ်"

"အင်း ဘာစားချင်တာရှိလဲ ဆိုင်ခဏထိုင်ချင်သေးလား ဒါမှမဟုတ် အိမ်ပဲတန်းပြန်ချင်လား ကောင်ကလေး"

"လူကြီးနဲ့ ခဏနေချင်တယ်"

"ဪ အင်း ဟုတ်ပြီ ကိုယ့်အိမ်ကို သွားမလား"

"ဟင့်အင်း ဒီတိုင်းလေးပဲ ခဏနေချင်တယ် ကျနော့်ကိုဖက်ထားပေးပါလား"

မောင်းနေရင်း ကားကို လမ်းကြားတစ်ခုထဲချိုးကွေ့ပြီး ဘေးနားထိုးလိုက်တယ်။ ‌ကောင်ကလေးကို လက်နှစ်ဖက်နဲ့ဆွဲပွေ့ပြီးမယူကာ ဂျောင်ကုပေါင်ပေါ်‌  ဘေးတစောင်းတင်ပြီး ကောင်ကလေးတစ်ကိုယ်လုံးကို ပွေ့ပိုက်ထားလိုက်တယ်။ ဂျောင်ကုပခုံးပေါ် ခေါင်းလေးမှီပြီး မျက်လုံးလေးမှိတ်ထားတဲ့ ကောင်ကလေးက မျက်နှာလေးချောင်ကျသွားတကို အပေါ်စီးကမြင်နေရတယ်။

"လူကြီး"

"အင်း ကောင်ကလေး"

"ကျနော်လေ အစ်မဘိုရာကို ညဘက်တိုင်း အိပ်မက်ထဲမှာ မြင်နေရတယ်"

Purple Snow 💜 🌨️ (Completed)Donde viven las historias. Descúbrelo ahora