[Unicode]
ကောင်ကလေးနဲ့ ခင်မင်တဲ့အချိန်ကာလလေးတွေ တဖြည်းဖြည်းတိုးလာလေလေ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို ပိုသိလာရလေလေဖြစ်တယ်။ ဂျစ်တိုက်တတ်တဲ့အကြောင်းလေးတွေလည်း ပိုပြီးသိလာရတယ်။ ဒါပေမဲ့ ကောင်ကလေးက အမြဲတစေဂျီကျပြီး ဂျစ်တိုက်နေတတ်တာမျိုးတော့မဟုတ်။
ကောင်ကလေးဂျစ်တိုက်ခါနီး နာရီဝက်အလိုမှာပြောင်းလဲသွားတတ်တဲ့မျက်နှာအမူအရာလေးတွေ၊ ဘယ်လိုအခြေအနေတွေဆိုရင် ကောင်ကလေးစိတ်အခန့်မသင့်ဘဲ ဂျီကျတတ်လဲဆိုတာမျိုးတွေ။ အားလုံးနီးပါးကို ဂျောင်ကုက ခန့်မှန်းတတ်နေပြီ။ ဂျောင်ကုက ပါးရည်နပ်ရည်ရှိသူပီပီ ဒီကာလတွေ မှာ ကောင်ကလေးရဲ့ အမူအကျင့်တော်တော်များများကို သိနေပြီးဖြစ်တယ်။
မွေးနေ့ပွဲလေးကျင်းပပြီးကတည်းက ပိုရစ်တွယ်လာတဲ့ကောင်ကလေးနဲ့ ဂျောင်ကုကြားက သံယောဇဉ်ကြိုးကလေးဟာလည်း တစတစကြီးထွားလာတယ်။ တစ်ခုခုဆို ဂျောင်ကုကိုဖုန်းဆက်ပြောပြပြီး အတိုင်အတောထူတတ်တယ်။ စိတ်ကလေးများအခန့်မသင့်ရင် ကောင်ကလေးက စိတ်ဆိုးစိတ်ကောက်လေးလည်းလုပ်ကာ ဂျောင်ကုကို နေမထိထိုင်မသာဖြစ်အောင် လုပ်တတ်သေးတယ်။
သိပ်မကြာခင် တက္ကသိုလ်တက်ရတော့မှာ ဖြစ်တဲ့ကောင်ကလေးက ဒီနေ့မှာလည်း အဝတ်အစားအသစ်လေးတွေ လိုချင်တယ်ဆိုလို့ သွားခေါ်ပြီး ဝယ်ပေးရဦးမယ်။ ဂျောင်ကုအတွက်က အိမ်ထောင်မပြုဘဲ ကလေးတစ်ယောက်ရလိုက်သလိုမျိုး မွေးထားတဲ့သားတစ်ယောက်ကို အလိုလိုက်သလိုလိုက်နေမိတာ။
ခြံလေးရှေ့ကနေ ကားဟွန်းနှစ်ချက်တီးလိုက်တော့ လုံးလုံး၊လုံးလုံးနဲ့ ပြေးထွက်လာတဲ့ကောင်ကလေး။ အနောက်မှာ Bam က အမြီးလေးတရမ်းရမ်းနဲ့ ပြေးလိုက်လာတယ်။
ထုံးစံအတိုင်း အဝတ်ပုံထဲမြုပ်နေတာမို့ ဂျောင်ကုအသည်းတယားယားဖြစ်နေတယ်။ Bam ကိုနှုတ်ဆက်ပြီး ကားထဲဝင်ထိုင်လာတဲ့ကောင်ကလေးက ဂျောင်ကုကို လေးထောင့်အပြုံးလေးပြုံးပြဖို့လည်း မမေ့ပါ။
"လူကြီး အဟီး နေကောင်းလား"
"ကိုယ်က ကောင်းပါတယ် ကောင်ကလေးကို မေးရမှာ"
![](https://img.wattpad.com/cover/289077235-288-k169513.jpg)
YOU ARE READING
Purple Snow 💜 🌨️ (Completed)
RomanceJeon Jung Kook x Kim Tae Hyung Present for 26th Birthday of Browny Bear 🐻 Started Date-22.10.2021(Friday) Completed Date-19.12.2021(Sunday)