[Unicode]
ဆော့ဂျင် City Mart မှာ ကလေးလေးပေးထားတဲ့ စာရွက်လေးထဲက ပစ္စည်းလေးတွေနဲ့ အိမ်အတွက် လိုအပ်မယ်ထင်တာလေးတွေ ဝယ်နေတယ်။ အခုတလော ဘိုရာက ကိုယ်ဝန်ဆောင်တို့ ထုံးစံအတိုင်း မအီမသာဖြစ်ပြီး တရှောင်ရှောင်နဲ့ အစားသေချာမစားနိုင်ဖြစ်နေတာမို့ ဆော့ဂျင်တစ်ယောက်တည်း ဈေးဝယ်ထွက်လာရတယ်။
ကလေးလေးကြိုက်တတ်တဲ့ မုန့်လေးတွေပါ တခါတည်းဝယ်လိုက်တယ်။ ညနေပိုင်းလောက် မားမားတို့ဆီသွားပြီး ကလေးလေးကို ချော့ရဦးမယ်။ တစ်ပတ်ကြာတဲ့အထိ ကလေးလေးက မားမားနဲ့ ဆော့ဂျင်ကို စိတ်ကောက်မပြေသေးပါ။ ပါးပါးကတော့ အရင်ကတည်းက ကလေးလေးရဲ့အချစ်ဆုံးဖြစ်ပြီး အလိုလိုက်အကြိုက်ဆောင်နေကျမို့ ပြန်အဆင်ပြေသွားတယ်။ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီးသွားတဲ့အခါ ဆော့ဂျင်အိမ်ကို ပြန်လာတယ်။ ဘိုရာကတော့ ခေါင်းမူးလို့ဆိုပြီး အိပ်ရာထဲခွေနေရှာတယ်။
"ဘိုရာ ကိုယ်ပြန်ရောက်ပြီ ခေါင်းမူးနေတုန်းလား"
"ဪ နည်းနည်းသက်သာလာပါပြီ ကို မနက်စာ စားပြီးပြီလား"
"ကိုယ်စားလာတယ် ဘိုရာ မထနဲ့ ရတယ် လှဲနေလိုက်ဦး ဘိုရာစားဖို့ ကိုယ် တစ်ခုခုလုပ်ပေးမယ်"
"ရပါတယ် ကျမ သက်သာနေပါပြီ ကို"
အိပ်ရာကထလာတဲ့ ဘိုရာကို ဆော့ဂျင် ပွေ့ဖက်လိုက်တယ်။ ရင်ခွင်ထဲတိုးဝင်လာပြီး ဘိုရာက တင်းကျပ်စွာ ပြန်လည်ဖက်တွယ်လာတယ်။ ချစ်လို့ယူခဲ့ကြတာတော့ မဟုတ်ပေမယ့် အချိန်တွေကြာလာတော့လည်း လင်မယားသံယောဇဉ်လေးက ရှိလာတယ်။ အခုဆိုရင် ဆော့ဂျင်ရဲ့ရင်သွေးလေးကိုပါ လွယ်ပေးထားတာမို့ နောက်ထပ်သံယောဇဉ်လေးတစ်ခု ထပ်တိုးလာရပြီ။
အိမ်ထောင်သက်တမ်း ၆ နှစ်ကျော်တစ်လျှောက် ကတောက်ကဆပင် မဖြစ်ဖူးရအောင် ဘိုရာက ဆော့ဂျင်ကို အရာရာနားလည်သည်းခံပေးတယ်။ အဓိက က ကလေးလေးကို ဆော့ဂျင်တို့မိသားစုနည်းတူ ချစ်ပေးကာ ဘာပြောပြော စိတ်ထဲမထားခဲ့ပါ။ ဆော့ဂျင်ကလည်း မချစ်ခဲ့ရင်တောင် လင်ယောက်ျားတစ်ယောက်ရဲ့တာဝန်တွေ ကျေပြွန်တယ်။ ဒါကြောင့်လည်း ဆော့ဂျင်တို့ရဲ့ အိမ်ထောင်ရေးဟာ အဖုအထစ်မရှိဘဲ အဆင်ပြေနေခဲ့တာပင်။
KAMU SEDANG MEMBACA
Purple Snow 💜 🌨️ (Completed)
RomansaJeon Jung Kook x Kim Tae Hyung Present for 26th Birthday of Browny Bear 🐻 Started Date-22.10.2021(Friday) Completed Date-19.12.2021(Sunday)