💜 🌨️ 22

3.2K 253 5
                                    

[Unicode]

စာမေးပွဲနီးလာတာမို့ ကောင်ကလေး စာတွေ ကြိုးစားနေကာ Sunday တွေတောင် ဂျောင်ကုနဲ့မလည်ပတ်ဖြစ်တော့ပါ။ ဂျောင်ကုဘက်ကတော့ ကောင်ကလေးဆီ လမ်းမကြုံလည်းကြုံကာ စာကျက်ရင်းစားဖို့ မုန့်လေးတွေ အပတ်စဉ်သွားပို့ပေးတယ်။ Monday ကနေ Friday အထိ အကြိုအပို့လုပ်ပေးနေတာတောင်မှ ပိတ်ရက်တွေမှာ ကောင်ကလေးကိုမတွေ့ရရင် ဂျောင်ကုမနေတတ်တော့ပါ။

စာအရမ်းကြိုးစားတဲ့ကောင်ကလေးက Sunday တွေတိုင်း ခြံလေးရှေ့ ဂျောင်ကုကားရပ်ပြီဆိုတာနဲ့ ပြေးထွက်လာပြီးကြိုတတ်တယ်။ မျက်လုံလက်လက်လေးတွေက ဂျောင်ကု ဝယ်လာတဲ့မုန့်တွေမြင်ရင် ပိုအရောင်တောက်သွားကာ လေးထောင့်အပြုံးလေးပြုံးပြပြီး နှုတ်ဆက်တတ်သေးတယ်။

ကောင်လေး စာလုပ်နေချိန်တွေမှာ Mr.Kim နဲ့ စကားစမြည်ပြောတတ်ကြတာမို့ အရင်ထက်ပိုရင်းနှီးလာတဲ့ဆက်ဆံရေးက ဂျောင်ကု အတွက် အားတက်ဖွယ်ရာပင်။ Mrs.Kim ကတော့ ဆော့ဂျင်တို့အိမ်မှာ နေပေးနေဆဲ ဖြစ်တယ်။

Mr.Kim နဲ့ Mrs.Kim မှာ ကောင်ကလေးက အဖေဖြစ်သူကို ပိုခင်တွယ်ပုံပေါ်တာကြောင့် Mrs.Kim မရှိတဲ့ရက်တွေမှာ ထူးထူးခြားခြားဂျီကျတာမျိုး၊ စိတ်ကောက်တာမျိုးတော့ မတွေ့ရပါ။ Mr.Kim ကလည်း သည်းလွန်းတဲ့အဖေမျိုးထဲမှာ ပါတာကိုး။

မကြာခင် လူ့လောကထဲရောက်လာတော့မယ့် မြေးဦးလေးအတွက် Mr.Kim တို့ ဝမ်းသာအားရဖြစ်နေကြပေမဲ့ ဂျောင်ကုကတော့ ကောင်‌ကလေးရဲ့တုံ့ပြန်မယ့်ပုံကိုသာ သိချင်နေမိတယ်။ စာမေးပွဲဖြေဖို့တစ်ပတ်အလိုမှာတော့ အိမ်မှာစာကောင်းကောင်းကျက်နိုင်ဖို့အတွက် ကျောင်းပိတ်လိုက်တာမို့ ဂျောင်ဂုမှာ ကောင်ကလေးအိမ်ကို အကြောင်းမရှိအကြောင်းရှာပြီး ချောင်းပေါက်မတတ်သွားရတော့တယ်။

ပြောသာပြောရတာ တကယ်က Mr.Kim ထက် ဂျောင်ကုက ပိုသည်း‌နေတာဖြစ်တယ်။ စာတွေလုပ်လို့ မျက်နှာလေးချောင်ကျသွားတဲ့ကောင်ကလေးကို တယုတယနဲ့ အရိပ်တကြည့်ကြည့် လာ လာကြည့်လွန်းလို့ Mr.Kim ကတောင် မျက်စိစပါးမွှေးစူးနေပြီလားမသိပါ။ ကောင်ကလေးကလည်း ဂျောင်ကုလာကြည့်ရင် သဘောကျနေပြန်ရော။

Purple Snow 💜 🌨️ (Completed)Tempat cerita menjadi hidup. Temukan sekarang