💜 🌨️ 21

3.2K 256 0
                                    

[Unicode]

ညက ကောင်ကလေးက မနက်လာခေါ်ဖို့ ဂျောင်ကုကိုဖုန်းဆက်ထားတာမို့ မနက်‌စောစော ကောင်ကလေးဆီကို ထွက်လာလိုက်တယ်။ ဂျောင်ကုရောက်တော့  အချိန်‌စောနေသေးတာမို့ ကားကို ခြံရှေ့ရပ်ထားပြီး Mr.Kim နဲ့ Mrs.Kim တို့ကို နှုတ်ဆက်ဖို့ အိမ်ထဲဝင်လာလိုက်တယ်။ ဧည့်ခန်းထဲမှာ ဘယ်သူမှမတွေ့တာမို့ ဂျောင်ကုအသံပြုလိုက်တယ်။

"အန်တီရေ ဦးလေးကင်မ် "

"ဪ ဂျောင်ကုလာလေ မနက်စာစားဖို့ပြင်နေတယ် မင်းအန်တီက ဂျောင်ကု မနက်စာမစားရသေးဘူးထင်ပါ့ တခါတည်းဝင်စားသွားပါလား"

Mr.Kim က ထမင်းစားခန်းကထွက်လာပြီး ဂျောင်ကုကိုနှုတ်ဆက်ကာ ဆက်တိုက်စကားဆိုတယ်။ ဧည့်ခန်းမှာဝင်ထိုင်လိုက်ရင်း ဂျောင်ကုပြန်ဖြေရတယ်။

"ဟုတ်ကဲ့ ဦးလေး ကျနော်မစားတော့ပါဘူး စောရောက်လာလို့ လာနှုတ်ဆက်တာ နေကောင်းကြတယ်မလား"

"‌ဦးလေးတို့ကတော့ ဒေါင်ဒေါင်မြည်နေတာပဲ သိတဲ့အတိုင်း အိမ်မှာချူချာတာက ကလေးလေးတစ်ယောက်ပဲ ရှိတာလေ"

"ဟုတ်ပါရဲ့ ဒါနဲ့ ကောင်က‌လေး အိပ်ရာနိုးပြီလား ဦးလေး"

"နိုးတာကြာပေါ့ ခဏနေပြင်ဆင်ပြီးရင် ထွက်လာလိမ့်မယ် ဒီနေ့ ကလေးလေးက ထမင်းသုတ်စားချင်တယ်ဆိုလို့ မင်းအန်တီက ပြင်ဆင်ပေးနေတာ"

"ဟုတ်ကဲ့"

စကားက ဘာဆက်ပြောရမှန်းမသိတော့အောင်ကို လေထုက တိတ်ဆိတ်သွားတယ်။ ဂျောင်ကုက နှုတ်ဆက်ချင်လို့လာတယ်ဆိုပေမယ့် စကားများများပြောစရာတော့မရှိပါ။ ဒီလိုအခြေအနေမျိုးကို အဆင်ပြေအောင်လုပ်ပေးလိုက်တဲ့ အသံဆာဆာလေးတစ်သံ။

"ပါးပါးရေ သားပြီးပြီလို့  ဟင် လူကြီးကရောက်နေပြီလား အစောကြီးရှိသေးတယ်"

"ဟုတ်ပါ့ ကိုယ်စိတ်စောနေတာနဲ့ လာလိုက်တာ ကောင်ကလေးရဲ့"

"ကလေးလေး မနက်စာစားတော့မလား ခဏနေရင် သားအစ်ကို ကိုပါ ခေါ်လာခဲ့လိုက် ပါးပါး မင်းမားမားကို ထပ်ပြင်ခိုင်းထားလိုက်မယ်"

"ဟုတ် ပါးပါး"
"လူကြီး ထမင်းသုတ်ဝင်စားပါလား မားမားလက်ရာက အရမ်းကောင်းတာနော် ကံကောင်းတဲ့သူမှ စားရတာ"

Purple Snow 💜 🌨️ (Completed)Where stories live. Discover now