💜 🌨️ 6

3.6K 286 5
                                    

[Unicode]

ဂျောင်ကု ဇာတ်လမ်းတွဲအသစ်အတွက် ဇာတ်ညွှန်းအပ်ပြီး အိမ်ပြန်တဲ့လမ်းမှာ မဆီမဆိုင် ကောင်ကလေးကို သတိရမိတယ်။ ကောင်ကလေးက ဂျောင်ကုနဲ့ အပြန်အလှန် ဖုန်းနံပါတ်လဲပြီးတော့ ကိစ္စတစ်ခုခုရှိရင် သူ့ကို ဖုန်းဆက်လို့ရတယ် ပြောလာလို့ ဂျောင်ကုမှာ ရယ်မိသေးတယ်။

အတွေးလေးတွေမှ မဆုံးသေး... အသံမြည်လာတဲ့ဖုန်းကို ကြည့်လိုက်တော့ ခေါ်ဆိုသူက ကောင်ကလေး။
နားတစ်ဖက်မှာတပ်ထားတဲ့ Bluetooth ကို လက်နဲ့ တစ်ချက်တောက်‌လိုက်ပြီး ဖုန်းဖြေလိုက်တယ်။

"ဟယ်လို"

"လူကြီး လူကြီး လားဟင်"

"ဟုတ်တယ် ကောင်ကလေး ထူးထူးဆန်းဆန်း ဖုန်းတွေ ဘာတွေဆက်လို့"

"ကျနော်က နေမကောင်းဖြစ်နေတာမို့ မဆက်ဖြစ်တာပါ အခု အားလားဟင်"

"အင်း ကိုယ့်အလုပ်က ခုနလေးတင် ပြီးသွားတာ ဘာလုပ်ချင်လို့လဲ ကောင်ကလေး"

"ကျနော် ကျနော် Bam ဆီ သွားတွေ့ချင်လို့ အဲ့ဒါ အဲ့ဒါ လူကြီး လူကြီး လိုက်ပို့လို့ရမလား"

"ကိုယ်က ရပါတယ် ကောင်ကလေးက နေရောသေချာကောင်းပြီလား"

"နေက ကောင်းသွားပြီ စိတ်ပဲ မကောင်းတာပါ လူကြီး"

"ဟုတ်လား ကောင်ကလေးက စိတ်မကောင်းဖြစ်နေတာလား"

"ဟုတ်တယ် ကျနော်ကဆိုးလို့ မားက မချစ်တော့ဘူး"

"ကောင်ကလေး အိမ်ကို အခု ကိုယ်လာခဲ့မယ်နော် ရောက်မှ သေချာစကားပြောမယ် ဟုတ်ပြီလား"

"ဟုတ် လူကြီး"

ထယ်ယောင်း ဖုန်းလေးကို ချလိုက်ပြီး အခန်းထဲကနေ အပြင်ကို ချောင်းကြည့်လိုက်တယ်။ ဧည့်ခန်းထဲမှာ မားကချည်ထိုင်ထိုးနေတာမို့ သူ ဧည့်ခန်းထဲကို မသွားချင်ပါ။

မားက ထယ်ယောင်းကို မချစ်တော့ဘဲ ကိုကြီးကိုပဲချစ်‌တာ။ ပါးက အနောက်ဘက်မှာ ပရိဘောဂလေး တွေ လုပ်နေလောက်တယ်။ ထယ်ယောင်းရဲ့ပါးက တနိုင်တပိုင် ပရိဘောဂလုပ်ငန်းလေးလုပ်တယ်။

ပါးနဲ့အတူ ဦးလေးကြီး ၁ ယောက်၊ ကိုကြီးတို့အရွယ် ၄ ယောက် လုပ်ကြတယ်။ အလုပ်ရှင်၊ အလုပ်သမားရယ် မဟုတ်ဘဲ ရတဲ့အမြတ်ကို အချိုးကျခွဲယူပြီး ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကြတာမျိုးပေါ့။

Purple Snow 💜 🌨️ (Completed)Where stories live. Discover now