💜 🌨️ 8

3.4K 287 4
                                    

[Unicode]

ခရမ်းရောင်အိမ်လေးအတွင်း မနက်ကတည်းက ကလေးလေးတစ်ယောက် အသံဆာဆာနဲ့ ပြေးလွှားခုန်ပေါက်နေတယ်။ ခြံဝင်းလေးထဲမှာ ထင်းရှူးပင်လေး ၁၉ ပင်ကို Mr.Kim ကိုယ်တိုင် ရောင်စုံမီးလုံးလေးတွေနဲ့ အလှဆင်ပေးထားတာ။ ညရောက်လို့ မီးဖွင့်ရင် အရမ်းလှမှာကိုး။

ထင်းရှူးပင်တွေကလည်း နှစ်လလောက်ကတည်းက ကြိုပြီးမှာထားရတာ။ ဒါက သစ်တောပြုန်းတီးအောင် လုပ်သလိုဖြစ်နေမလား မပြောတတ်ပေမယ့် ကလေးလေးပျော်နေတာမြင်ရတော့ အဆင်ပြေပါတယ်။

မွေးနေ့က ညနေဘက်ကျမှ ကျင်းပပေးမှာပေမယ့် မနက်ကတည်းက ကလေးလေးက အိမ်နီးချင်းတွေထံ  လက်ဆောင်တွေလိုက်တောင်းနေတယ်။ သူ့မွေးနေ့လာဖို့ကိုလည်း ဖိတ်ရင်းပေါ့။ လမ်းထဲက လူတွေအားလုံးက ကလေးလေးကို ငယ်ငယ်လေးတည်းကချစ်ကြတာမို့ လက်ဆောင်တွေ ပေးလိုက်ကြတယ်။

လူလည်ကလေးက မွေးနေ့မရောက်ခင် နှစ်ရက် အလိုလောက်ကတည်းက အိမ်လျှောက်လည်ကာ သူ့အတွက် မွေးနေ့လက်ဆောင်ဝယ်ဖို့ကို ညာတာပါတေးနဲ့ သတိသွားပေးထား‌သေးတယ်။ အခုလောလောဆယ်တော့ လက်ဆောင်တွေကို ပတ်ပတ်လည်ဝိုင်းထားပြီး တစ်ခုပြီးတစ်ခု ဖွင့်ကြည့်နေတဲ့ ကလေးလေး။

အိမ်ရှိလူတွေကတော့ မွေးနေ့ပွဲလေးအတွက် ပြင်ဆင်နေရတယ်။ သားကြီး‌ဆော့ဂျင်ကတော့ အရေးကြီးကိစ္စရှိလို့ အချိန်နီးမှ လာမယ်ပြောတယ်။

ရောင်စုံမီးလေးတွေက မှိတ်တုတ်မှိတ်တုတ်လင်းလဲ့လဲ့နဲ့ ထင်းရှူးပင်လေးတွေကို တစ်ပင်နဲ့ တစ်ပင် ၄ ပေ လောက်ခြားပြီး အဝိုင်းပုံစံလေးလုပ်ထားတယ်။ အလယ်မှာ ယာယီအမိုးလေးကို နှင်းကာအဖြစ်မိုးပြီး ဘေးနားမှာ ညဘက်အနွေးဓာတ်ရအောင် မီးဖိုလေးတွေ အဆင်သင့်လုပ်ထားတယ်။

ဂျောင်ကုကားလေးကို ခရမ်းရောင်သစ်သားခြံစည်းရိုးရှေ့ ရပ်လိုက်ပြီး ဖွင့်ထားတဲ့ခြံတံခါး ကနေ လမ်းလျှောက်ဝင်လာလိုက်တယ်။ အရမ်းခမ်းနားတကြီးမဟုတ်ပေမယ့် ချစ်စရာကောင်းပြီး နွေးထွေးတဲ့ပုံစံလေး ပြင်ဆင်ထားတယ်။ ပွဲ‌လေးက ညဘက်မှစဖြစ်မယ့်ပုံပင်။

Purple Snow 💜 🌨️ (Completed)Where stories live. Discover now