{Zawgi}
"အခုချက်ချင်း ငါ့ကိုလွှတ်ပေး..!!!!"
"လောလှချည်လား နေပါဦး"
ဂျွန်မြောင်စိတ်လာပြီး အသားတွေပါတဆတ်ဆတ်တုန်နေသည်။ ဒါသက်သက် သူ့အကျင့်အတိုင်းကစားနေတာ။ အရင်ဘဝမှာလည်း သူ့စိတ်ကြိုက်နေပေးခဲ့ရတယ် ဘယ်အချိန်ထိသူဒီလိုနေရမှာလဲ။
"ရွေးချယ်စရာနှစ်ခုရှိတယ်.."
အေးဆေးနေသူက ထိုင်ခုံကနေထသွားပြီး ဟန်ပါပါ အဝတ်ကိုခါသည်။ အပြာနုရောင်ဝတ်စုံနဲ့ ထိုအမြင်ကတ်စရာလူသားက ငေးမောရအောင်ချောတာတော့ ဝန်ခံရမယ်။ မူလဘဝရော အခုဘဝမှာပါ သေမလိုချောနေတာ။ ချက်ချင်းထသွားပြီးရိုက်ပစ်ချင်တဲ့အထိဘဲ။
"အသွင်ပြောင်းမိစ္ဆာတွေကိုသတ်ပြီးမှ ကိုယ့်ကိုလက်ထပ်မလား..?
သူတို့နဲ့ငြိမ်းချမ်းရေးယူပေးပြီး လက်ထပ်မလား...?""ဘယ်ဟာမှမရွေးရင်ရော"
"မရွေးလို့မရဘူး"
ဟမ့်!!အဲ့တာများ ရွေးချယ်စရာတွေဘာတွေလုပ်နေသေး။ အလကားလူ မကောင်းတဲ့လူ။
"အဲ့တာဆို လာထကြည့်"
ဘေးနားလာပြီး ဆွဲထူကာ ပြတင်းပေါက်ဆီဆွဲခေါ်သွားသည်။ အောက်မှာမြင်လိုက်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး ဂျွန်မြောင်အသံပင်မထွက်နိုင်တော့ အံဩတကြီးသာ ကြည့်နေမိသည်။ ထိုလူကတော့အေးဆေးပင် သူနဲ့မဆိုင်သည့်အလား ခပ်တည်တည်ပင်။
"ဖေဖေ ဖေဖေ!!!"
ဂျွန်မြောင်သတိကပ်တော့ ဓားနဲ့အရွယ်ခံထားရတဲ့ ဖေဖေကိုအရင်အော်ခေါ်မိသည်။ သူရဲ့မိဘအရင်းမဟုတ်သော်ငြား သူဖေဖေ့ကိုချစ်သည်။ ဒီကမ္ဘာရောက်ထဲက ဖေဖေကမျက်နှာမညိုးအောင် အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးသည်။ ပန်းစိုက်ရတာဝါသနာပါတဲ့ဖေဖေက ပန်းဥယျာဉ်လေးတစ်ခုလောက်လုပ်ချင်သည်ဟုပင် ပြောခဲ့ဖူးသည်။ ဒီလိုအမျိုးသားကို ဒီလူဘယ်လိုများ....။
"လက်ထပ်ဖို့ လက်ခံတာမလို့ ဖေဖေတို့ကိုလွှတ်ပေး"
"သိပ်အမြော်အမြင်ရှိတဲ့ဆုံးဖြတ်ချက်ဘဲ"
ပါးကိုလာပွတ်သပ်နေတာမို့ ဂျွန်မြောင် ခေါင်းကိုတစ်က်စောင်းပစ်လိုက်သည်။ ထိုလူကတော့ရယ်နေစဲပင်။ ကြည့်ရင်းနဲ့ ဒီလိုလူကို သူဘယ်လိုသဘောကျခဲ့လည်း စဉ်းစားမရပေ။