{Zawgi}
ဆယ်ဟွန်း အရှေ့ကတွတ်ထိုးနေတဲ့လူတွေကိုကြည့်ပြီး စိတ်တွေအကြီးကြီးလေနေသည်။ လူတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာကမသင့်တော့်ဘူး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းရမှာပါ ဆိုတာတွေကို ဘယ်နတ်ဘုရားချမှတ်ထားတာလဲ စိတ်ညစ်ဖို့ကောင်းအောင်။
အမတ်ကြီးများက ရာထူးအစဉ်လိုက် ချမှတ်ထားတဲ့ စားပွဲများတွင် ခပ်မတ်မတ်အနေအထားဖြင့် ထိုင်နေကြသည်။ လက်ရှိမင်းကြီးဟာ နိုင်ငံချစ်ကြည်ရေးအတွက် အမဲလိုက်ထွက်သွားတာမို့ အိမ်ရှေ့စံအား အမှုကိစ္စအဝဝ တင်ပြနေကြသည်။ သို့သော် အိမ်ရှေ့စံမင်းသားကတော့ အမတ်ကြီးများကို ရှိသည်ပင်မထင်။ ယုန်မိစ္ဆာလေးတစ်ကောင်ကို ပေါင်ပေါ်တင်ကာ ပွတ်သပ်ဆော့ကစားနေသည်။ ကိစ္စတွေအမျိုးမျိုးပြောင်းသွားတောင် အငြင်းပွားနေတဲ့လူတွေပြောင်းသွားတောင် အိမ်ရှေ့စံရဲ့အာရုံကတော့ သူ့ပေါင်ပေါ်ကယုန်လုံးလေးသာဖြစ်သည်။
လက်ရှိနန်းတက်ဘုရင်(မင်းကြီး)တွင် မိဖုရားကြီးအပြင် ဘယ်လက်ယာမိဖုရားနှစ်ပါး ညာလက်ယာမိဖုရားနှစ်ပါး ရှိလေသည်။ မင်းကြီး နန်းတက်ပြီး လေးနှစ်ကြာတဲ့အထိ သားသမီးရတနာမထွန်းကားခဲ့ပေ။ ဒါကြောင့် ဘယ်လက်ယာမိဖုရားယွန်းရီဟာ နတ်မင်းကြီးလေးပါးထံ သားရတနာသွားရောက်တောင်းဆုပန်ခဲ့သည်။ အလဲအလှယ်အနေဖြင့် သူမ၏အသက်ကိုပေးခဲ့ရသည်။
ဤအကြောင်းအရာကို နန်းတွင်းပြင်ပမရောက်အောင် မိဖုရားကြီးကတားဆီးခဲ့ပြီး အိမ်ရှေ့စံကိုလည်း သူမသွေးသားရင်းချာဖွယ် စောင့်ရှောက်ခဲ့သည်။ အိမ်ရှေ့စံအသက်နှစ်နှစ်မှစလို့ မိဖုရဆဈ00၏စစားကြီးမှလွဲ၍ မိဖုရားများတွင် သန္ဓဆောင်ရခဲ့သော်ငြား အကြောင်းအမျုးမျိုးဖြင့်ပျက်ကျခဲ့သည်။ သို့ရာတွင် မိဖုရားများသည် ကိုယ်ဝန်မပျက်ကျမိ အိမ်ရှေ့စံသည် မိမိတို့အားလာရောက်ကြည့်ရူကြောင်း ပြောဆိုသောအခါ ကောလဟလများစွာ ပေါ်ပေါက်လာခဲ့သည်။
မင်းကြီးဟာ ပထမအစတွင် မယုံ မကောင်းတဲ့အပုပ်အပွသတင်းများကိုမပြောသင့်ကြောင်း အမိန့်ပြန်လေသည်။ သို့သော် တစ်ခုသောညနေ၌ မိမိရှေ့တွင် လူသတ်လိုက်သော အိမ်ရှေ့စံကို မြင်ခဲ့သောမင်းကြီးသည် မင်းသားအား အရိုက်အရာမှချကာ စွန့်ပစ်နန်းဆောင်တွင် နေထိုင်ဖို့ အမိန့်ချခဲ့သည်။ မင်းသားငယ်အား လွန်စွာချစ်မြတ်နိုးသော မိဖုရားကြီးသည် မင်းကြီးအား ဖျောင်းဖျကာ နားချခဲ့သည်။