Zawgi.....
မှန်ထဲက သူ့ကိုယ်သူထိုင်ကြည့်နေတာ နာရီဝက်ပင်ရှိတော့မည်။ ရုပ်ကလေးကတော့ ချောပါတယ် ဘာလို့ပုလင်းဖင်မျက်မှန်ကြီးလဲ!! ချွတ်လိုက်ပြန်ရင်လည်း မမြင်ရပြန်ဘူး။ ဘုရားရေ!!
"ရုပ်ရည်မြှင့်တင်ခြင်းသုံးမယ်"
[ရုပ်ရည်မြှင့်တင်ခြင်းအတွက် point 200...။ ရုပ်ရည်မြှင့်တင်ပါပြီ]
ရိပ်ခနဲ မူးဝေသွားပြီးနောက် သူအတော်အဆင်ပြေသွားခဲ့သည်။ မျက်မှန်မပါလည်း အဆင်ပြေမည်ပြောနိုင်သည်။ ဒီလောက်ဆို ရပြီ။
"မိသားစုအခြေအနေကရော?"
[မိခင်က နိုင်ငံခြားသူဖြစ်ပြီး အပျော်အပါးလိုက်စားတုန်းပါ။ ဖခင်ဖြစ်သူကတော့ သူ့ကလေးလို့ မသတ်မှတ်ထားပါဘူး]
တကယ်ပါ ဒီကလေးကို သူသနားလွန်းလို့ ဘယ်လိုတောင်လုပ်ပေးရမည်မသိပေ။ မိဘဆီကပစ်ပယ်ခံရ ချစ်ရတဲ့သူဆီကပစ်ပယ်ခံရနဲ့ စိတ်ဒဏ်ရာ အတော်ကြီးခဲ့မှာပင်။ စိတ်ချ ကလေး မင်းကိုမကယ်နိုင်တောင် မင်းပေးတဲ့ဒုတိယအခွင့်အရေးကို ကောင်းကောင်းအသုံချပေးမယ်။
"သိပြီ"
Systemကိုအကြောင်းပြန်ပြီး သူ့ကိုယ်သူ ပြင်ဆင်ကာ ကျောင်းသွားဖို့ပြင်သည်။ ဘာလို့ သူ့ဘဝတွေက ကျောင်းသားဘဝတွေလဲ??။ ပျင်းရိခြောက်ကပ်ကပ်နိုင်လွန်းတဲ့ မနက်စာ စားခြင်းအပြီးမှာ သူကျောင်းကိုထွက်လာခဲ့သည်။ သူ့ဘဝအကြောင်းတွေးမိတဲ့အခါ ခံပြင်းမျက်ရည်တစ်ချို့လည်မိသည်။
မိဘတွေပေးစားလို့ယူခဲ့ရတဲ့(သူ့)မိဘနှစ်ပါးဟာ အချင်းချင်းလည်းဂရုမစိုက်ကြသလို ကလေးငယ်ဂျွန်ကိုလည်း ကလေးထိန်းဖြင့်သာထားရှိခဲ့သည်။ အထိန်းကြီးရဲ့ သွန်သင်ဆုံးမမှုကြောင့် လိမ္မာတဲ့ကလေးလေးဂျွန်ဟာ မိဘများကို နားလည်မှုအပြည့်အဝပေးခဲ့သည်။ သို့သော် လူတွေကပြောင်းလဲတတ်တယ်မလား။ ရိုးသားတဲ့လူတစ်ယောက်ဟာ ချက်ချင်းမဆိုးသွမ်းနိုင်ပါဘူးလို့မပြောနိုင်သလို လူမိုက်တစ်ယောက်ဟာလည်း သူ့ကိုယ်သူအမြန်ပြောင်းလဲနိုင်ပါတယ်။ ဤသို့ပင် အချစ်နဲ့စတင်ထိတွေ့ခဲ့ပြီး နုနယ်တဲ့နှလုံးသားငယ် လှုပ်ခတ်မှု ကြီးမားသွားတဲ့နောက်မှာ ဆုံးရှုံးမှုဆိုတာလည်း ကပ်ပါခဲ့သည်။