Zawgi......
ကောလဟာလအများအပြားရဲ့ သက်ရောက်မှုဒဏ်ကို ဂျွန်မြောင်အတော်ခံစားလိုက်ရသည်။ အဲ့အတွက် ကျန်ရှိခဲ့တာတစ်ခုထဲပင်။
အလှလေးဂျွန်မြောင်က အနိုင်ကျင့်တတ်တယ်!!ဇာတ်လိုက်ကြီးကလည်း ပေါ်မလာတော့တာ အတော်ကြာလေလပြီ။ တိမ်းညွှတ်မှု90%အရ သူ(အိုဆယ်ဟွန်း)က ဂျွန်မြောင်အပေါ် သေချာပေါက် စိတ်ဝင်စားနေလေပြီ။ သို့သော်ရေခဲတုံး ဇာတ်လိုက်ကြီးက သူ့ကိုပစ်ထားခဲ့သည်။ မှတ်ဉာဏ်တွေအရ ဘယ်နေရာသွားတတ်တယ် ဘယ်နေရာမှာရှိတတ်တယ်ဆိုတာ အလို,လိုသိပေမဲ့ ဂျွန်မြောင်လည်း သွားမရှာခဲ့ဘူး။
အရင်ဂျွန်မြောင်ရဲ့ စွဲလမ်းမှုက ရှုးလောက်စရာပင်။ ဇာတ်လိုက်ကြီး ဘာအရောင်ကြိုက်တတ်တာ ဘယ်လိုကော်ဖီအမျိုးအစားကိုနှစ်သက်တာ ဘယ်အချိန်ဘယ်နေရာမှာ ရှိနေတတ်တာကအစ ပါပီလေးတွေချစ်တတ်တာအထိ မှတ်သားထားသည်။ အစွဲအလမ်းကြီးခဲ့တဲ့ဂျွန်မြောင်က စုံလုံးကန်းသွားပြီး ဟဲ့နာကိုလုပ်ကြံခဲ့တာဖြစ်သည်။ သူ(အရင်ဂျွန်မြောင်)သည် မျှော်လင့်ချက်လေး တစ်ခုဘဲရှိခဲ့သည်။ ဇာတ်လိုက်ကြီး ပြန်ချစ်လာပါစေလို့ပေါ့။ နောက်ဆုံးသေဆုံးသွားခဲ့တာတောင် ဇာတ်လိုက်ကြီးပြန်ချစ်လာခဲ့လိမ့်မယ်လို့ ယုံကြည်နေခဲ့သည်။ ဒါ့ကြောင့် ခန္ဓာကိုယ်,ကို ပေးလှူခဲ့ပြီး အခုလိုအဆုံးသတ်စေခဲ့သည်။
'သနားစရာ ဂျွန်မြောင်လေး သူ့လိုချင်ခဲ့တာ ချစ်ခြင်းလေးတစ်ခုဘဲကို'
Systemကတော့ ထုံးစံအတိုင်းတိတ်ဆိတ်နေပြီး အခြေအနေကိုပြောပြသလို လုပ်နေသည်။ လူတွေမျှော်လင့်နေတဲ့အချစ်ဆိုတာကဘဲ ခက်ခဲနေတာလေ!!
လူရယ်လို့ဖြစ်လာရင် လူတိုင်းကအချစ်ခံရဖို့ ထိုက်တန်ပြီးသားပင်။ အချစ်ခံရပုံချင်းကွာခြားနိုင်ပေမဲ့ပေါ့။ တစ်ချို့ကတော့ ယုယုယယ အချစ်မျိုးကိုလိုချင်ကြသည်။ အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလိုအချစ်မျိုးကိုတောင့်တနေသော လူတစ်ယောက်က သူရနေတဲ့ ဂရုမစိုက်သလို အချစ်မျိုးကိုပစ်ပယ်လာကြလိမ့်မယ်။ အဲ့အတွက်သူဘာပြန်ရလည်းဆို ဆုံးရှုံးမှု နောင်တဖြစ်သည်။ လူတစ်ချို့က ပြုံးပြဖို့အတွက်ခက်ခဲနေတတ်တယ်။ ဘာလို့ဆိုသူတို့က အပြုံးတွေမရရှိခဲ့တာကြောင့်မလို့ပင်။ ဒါကြောင့် ပြုံးတတ်တဲ့သူဆို အမြဲပြုံးပြပေးပါ။ တန်ပြန်သက်ရောက်မှုဆိုတာ အခြေအနေတိုင်းအတွက်ရှိပါတယ်။