Zawgi...
ဒီနေ့ ရာသီဥတုသာယာတာမို့ ဂျွန်မြောင်ခြံထဲ လမ်းလျှောက်ထွက်နေတာ ဖြစ်သည်။ ရက်သတ္တပတ် အတော်ကြာပြီးတဲ့နောက်မှာ ဂျွန်မြောင့်ခါးမှာ အတော်သက်သာနေပြီဖြစ်သည်။ လမ်းလျှောက်နေရင်းမှ မြက်ခင်းပေါ်ထိုင်ချလိုက်ပြီး ထွက်ခါစနေလုံးကြီးကိုငေးကြည့်မိသည်။ ဒီလိုငေးကြည့်ရတာ ဂျွန်မြောင်သဘောကျသည်။ ထွက်ခါစ၊ ဝင်ခါစ နေမင်းကြီးကို တဖွဲဖွဲကျနေတဲ့ မိုးစက်တွေကို ပြီးတော့ တစ်စုံတစ်ယောက်ကိုပေါ့။
အချိန်အတော်ကြာ လည်ပတ်ပြီးတဲ့နောက်မှာ ဂျွန်မြောင်အရာအားလုံးကိုသဘောပေါက်နားလည်ခဲ့သည်။ အဲ့အတွက် ဂျွန်မြောင် သူ့ရှေ့ကိုမသွားဘဲ နောက်ကွယ်ကနေ သူ့ကိုစောင့်ရှောက်မည်။ ထိုအချိန်ခြံထဲကွေ့ဝင်လာတဲ့ ပြိုင်ကားအနက်လေးကိုကြည့်ပြီး ဂျွန်မြောင် ပထမဆုံးအကြိမ် သက်ပြင်းချမိသည်။
ဒီနေ့က သူရဲ့အမျိုးသမီးလေးကို အိမ်ခေါ်လာမည်တဲ့လေ။ ဂျွန်မြောင်တော့ ရင်မဆိုင်နိုင်ပါ။ ထိုကားလေးကိုမသိဟန်တောင်ရင်း ကော်ဖီဆိုင်သွားဖို့သာ စိတ်လောမိ၏။ ဪ အချစ်ဒုက္ခဆိုတာ ဒါမျိုးပါလား။
"မင်္ဂလာပါ ဦးဂျွန်"
"ကောင်းသောနေ့ပါ"
ဆိုင်ရောက်တော့ ကလေးတွေက သူ့ကိုတရိုတသေ နှုတ်ဆက်ကြသည်။ ဆိုင်ကအကြီးကြီးမဟုတ်ပေမဲ့ သူ့နေရာနှင့်သူတော့ အတော်အသင့်ကျယ်သည်။ ကုမ္ပဏီကနေ အလုပ်ထွက်ပြီး ကော်ဖီဆိုင်ဖွင့်ဖို့အကြံဉာဏ်ရတာ သိပ်မကြာသေးပေ။ ဆိုင်အပြင်အဆင်တွေ ဝန်ထမ်းခေါ်ဖို့ အင်တာဗျူးတာတွေကို ဂျွန်မြောင်ဝှီးချဲပေါ်ကနေ ကြီးကြပ်ခဲ့ရတာ ဖြစ်သည်။ အခက်အခဲတွေကြားက အသီးအပွင့်တွေပါဘဲ။
ပြီးတော့ ဂျွန်မြောင့်ဆိုင်က ဆယ်ကျော်သက်လေးတွေများသည်။ တစ်ချို့ကကျောင်းတက်ရင်း အလုပ်လုပ်ကြသည်။ တစ်ချို့ ဝါသနာပါရာ စုကြသည်။ ပညာရှင်လေးတွေ စုမိသွားတဲ့ ဂျွန်မြောင်ဆိုင်က တစ်ခဏခြင်း အောင်မြင်သွားတာပင်။ ဆိုင်ကဝန်ထမ်းလေးတွေကတော့ သဘောကောင်းလွန်းတဲ့ သူ့ကို နတ်သားလေးဂျွန်လို့တောင် ခေါ်ကြသေးသည်။