{Zawgi}
ဒီနေ့ကရက်ရာဇာ ဗက်ဟက်ဟက်။ မနေ့ညထဲက ဟိုလူမရှိ ခရီးသွားတယ်လို့တော့ အစေခံမလေးတွေက ပြောသည်။ အဲ့တာတွေသိဖို့မလိုအပ်ဘူး သူသိတာက ဒီအိမ်ကပြေးဖို့ဘဲ။
ဂျွန်မြောင်အဆောင်တံခါးဝကနေ ခေါင်းအသာထွက်ပြီး ပတ်ဝန်းကျင်ကို လေ့လာနေသည်။ လှုပ်ရှားသွားလာနေတဲ့ အစေခံလေးတွေရော အစောင့်တစ်ချို့ရောက သူ့ကိုအာရုံမရှိကြ။ အခန်းထဲ အသာလပြန်ဝင်ရင်း ယူရမဲ့အထုတ်ကိုစစ်လိုက်သည်။
အဝတ်အစားတစ်ချို့ရယ် မနေ့ကအစေခံမလေးတွေထဲကို ယူခိုင်းခဲ့တဲ့ မုန့်တစ်ချို့နဲ့ အစာခြောက်တစ်ချို့ရယ် ညကမူးနေသူထဲက နိုက်ထားတဲ့ ရွှေစအနည်းငယ်ရယ်။ ထည့်ထားတာတွေအကုန်ပါတာကို စစ်ပြီး တစ်ခါပြန်အခန်းအပြင်ဘက် ထပ်စစ်သည်။
"သခင်လေး အထဲမှာရှိလား..?"
"ရှိတယ်.!"
ဂျွန်မြောင်ထူးလိုက်ပြီးနောက် အစောင့်တစ်ချို့က ပြန်သွားကြသည်။ ဂျွန်မြောင်ကို စောင့်တဲ့ညီကိုနှစ်ယောက်မရှိတာမို့ တံခါးစောင့်တွေက တာဝန်လဲချိန်တိုင်း ဂျွန်မြောင်ရှိမရှိ စစ်ဆေးကြသည်။ တာဝန်လဲချိန်က လေးနာရီတစ်ခါဖြစ်သည်။ ဤအချိန်အတွင်း ဒီနေရာနဲ့ဝေးနိုင်သမျှ ဝေးဝေးပြေးရမည်။ မဟုတ်လျှင် တစ်ခါထဲမိသွားမှာ ဖြစ်သည်။
'ဒါနဲ့ အိမ်ကကြီးတာတော့ဟုတ်ပါတယ်။ ရိုးရိုးသခင်ရဲ့အိမ်တွေမှာ(မှူးမတ်မဟုတ်သော) တံခါးစောင့်တွေ အဆောင်ခွဲတွေ ရှိတယ်လို့ ငါတစ်ခါမှမကြည့်ဖူးဘူးရော်'
'Hostကလေ တုံးတယ်ပြောရင်ကျမကြိုက်ဘူး။ အ,လိုက်တာလွန်ရော နုံချာတာ'
'မင်း မင်းနော် ငါမှရှေးခေတ်ဟာတွေအကြောင်းမသိတာ'
Hostရယ် အဲ့တာတွေ့နေမှတော့ နန်းတွင်းထဲကနေမှာပေါ့လို့သာ ပြောပြလိုက်ချင်တော့တယ်။ မဖြစ်ဘူး ဒါက side missionလေ မဖြစ်ဘူး စိတ်ထိန်း။
ဂျွန်မြောင်ကတော့ systemကိုပလစ်လိုက်ပြီး အခန်းအပြင်ဘက်ဆက်ချောင်းသည်။ ကျောတွင်လည်း အထုပ်ကလေးလွယ်ထားသေးသည်။ အစေခံမလေးတစ်သိုက် စကားပြောရင်းအခန်းရှေ့ကဖြတ်သွားတော့ ဂျွန်မြောင်အသက်ရူတောင်အောင့်လိုက်မိသလိုပင် မာမားရေ မာမားသားလေးကို စောင့်ရှောက်ပါ။ ဒီအမိုက်အမဲလေးက အချစ်အတွက်စုံလုံးကန်းခဲ့ပေမဲ့ အခုသိသွားပါပြီလို့။