Part7

585 73 8
                                    

Zawgi....

ဂျွန်မြောင်နဲ့ဆယ်ဟွန်းအကြောင်းက တစ်ခဏခြင်းပျံနှံသွားတော့သည်။ အထူးသဖြင့် သူဖေဖေနဲ့မေမေဖြစ်သည်။ ဂျွန်မြောင့်မေမေဆိုလျှင် လျှော့ရလွန်းလို့ မေ့လဲသွားတော့မတတ်ပင်။ သာမန်အချိန်တွေဆို သူမဟာသဘောမနောကောင်းသော သူတစ်ယောက်ဖြစ်သည်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအပေါ် ချစ်ခြင်းပိုကဲလွန်းတဲ့သူမက သတင်းကြားကြားချင်း သွေးတက်တော့တာဘဲ။

"ယောင်္ကျားရေ!!  ကျွန်မသားလေး ကျွန်မသားလေးက အမှတ်အသားပေးခံလိုက်ရပြီတဲ့!!  အမလေးတော် အဲ့ကောင်ကဘယ်သူလဲ!? သူများအဖိုးတန်သားလေးကို!"

မေမေကပြောလည်းပြော ငိုလည်းငိုသည်။ ဂျွန်မြောင့်ခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပေ။ မေမေအနေဖြင့် သူ့ကိုနှမြောတာလည်းပါ အသက်ငယ်တာရော အခုလိုမိဘမသိအောင်လုပ်တာပါ ရောချပြီး ဂျွန်မြောင့်ကိုကျောင်းတောင်ပေးမသွားပေ။ အိမ်ထဲနေနေရတဲ့ သုံးရက်လုံး အိုဆယ်ဟွန်းကလည်း ပေါ်မလာခဲ့ပေ။ သေချာပေါက် သူတို့လည်းပြဿ       နာတက်နေမှာ ဖြစ်သည်။ မျိုးရိုးကြီးရဲ့ အိမ်တော်သခင်လေးက အမှတ်အသားပြုလုပ်လိုက်သည်ဟူသော သတင်းက အကြီးအကျယ်တြွေဖစ်စေနိုင်သည်။ ဒီထက်ဆိုးတာတြွေဖစ်လာခဲ့ရင် ဂလင်းခွဲစိတ်မှုအထိ° ဖြစ်နိုင်သည်။ အဲ့လိုသာဆို ဂျွန်မာမားတို့ တကယ်ပင် သွေးတက်သွားနိုင်သည်။ ခက်သည်က ဂျွန်မြောင်မှာ ဆယ်ဟွန်းကိုတက်သွယ်စရာ ဖုန်းနံပါတ်ပင်မရှိပေ။ ‌

ကျောင်းပေ့ခ်ျမှာတော့ ဆူညံပွက်လောရိုက်နေတုန်းပင်။ အဖွဲ့သုံးဖွဲ့ကွဲထွက်သွားပြီး အပြိုင်အဆိုင်ငြင်းခုန်ကောင်းနေကြသည်။

အဖွဲ့တစ်; Shipပေ့ခ်ျ shipperများအဖွဲ့

အဖွဲ့နှစ်; လုံးဝလက်မခံဘူးဆိုတဲ့အဖွဲ့

အဖွဲ့သုံး; အိုဆယ်ဟွန်း/ ကင်မ်ဂျွန်မြောင်အား နှမြောတသဖြစ်နေကြသူများအဖွဲ့ တို့ဖြစ်သည်။

ထိုစဉ်ကြားထဲ ဇာတ်လိုက်မဟဲ့နာသည် ကြော်ငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ဤသည်ကား သူမနှင့်စီနီယာဆယ်ဟွန်းတို့မှာ မိဘချင်းသဘောတူစေ့စပ်ပြီးစီးကြောင်း မဟုတ်မမှန်သတင်းများထုတ်လွှင့်ခြင်းမပြုကြဖို့ဖြစ်သည်။ ဂျွန်မြောင်မှာအလိုလိုနေရင်း ရာထူးတစ်ခုရပြန်သည်။ သည်းမခံနိုင်တဲ့အဆုံး ပိုစ့်တစ်ခုတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

Salvation Of Villains(system)Where stories live. Discover now