Zawgi....
"သေချာဂရုစိုက်ထား"
"ဟုတ်ကဲ့"
စာကြည့်ခန်းထဲကအသံတစ်ချို့အရ ဟိုလူကြီး ဒီနေ့ညနိုင်ငံခြားသွားလိမ့်မည်။ ကောင်းတယ် ဒီ့ထက်ကောင်းတဲ့ အချိန်မရှိတော့ဘူး။ ဂျွန်မြောင်သူ့ကိုယ်သူအားပေးလိုက်သည်။ အခြေအနေအရ ထွက်ပြေးရမည်ဆိုသော်ငြား တစ်ဖက်ကကြည့်ပြန်လျှင်လည်း သူ့ရဲ့တိမ်းညွှတ်မှုဘားတန်းကခဲနေတော့မည်။ ဘားတန်းမတက်လျှင် သူလည်းနောက်ကမ္ဘာပြောင်းလဲ သွားနိုင်လိမ့်မည်မဟုတ်။
တစ်ဖက်ကကြည့်ပြန်လျှင်လည်း မူလပိုင်ရှင်ရဲ့ဆန္ဒကိုလေးစားရမည်။ ထွက်ပြေးဖို့အရင်လုပ်ကြတာပေါ့ ပြီးမှကျန်တာစဉ်းစားကြမယ်။
"ဘာတွေစဉ်းစားနေလို့ ကိုယ်ခေါ်နေတာကိုမကြားရတာလဲ?"
အနားကိုဘယ်ချိန်ကရောက်နေမှန်းမသိတဲ့ လူကြီးက ဂျွန်မြောင့်မေးစေ့ကို ခပ်ဖွဖွညှစ်ရင်းပြောသည်။ မှေးစင်းပြီး ကြည့်လာတဲ့ မျက်ဝန်းတွေကစူးရှသည့်တိုင် ရဲတင်းသည်။ အဲ့လိုများအကြည့်ခံလိုက်ရရင် ဂျွန်မြောင်ဖြင့် ဒူးတွေခွေမတတ်ပင်။ အရာရာကြည့်ကောင်းလွန်းလှတဲ့ထိုလူက ယဉ်းကျေးသိမ်မွေ့သလို ပိုင်စိုးပိုင်နင်းလည်းနိုင်တတ်သေးသည်။
ဂျွန်မြောင့်ကိုပေးမသိသော်ငြား အလုပ်များလွန်းတဲ့လူကြီးက တစ်ခါတစ်ရံ ဂျွန်မြောင်အိပ်နေချိန် အနားလာပြီး အလုပ်တွေလုပ်နေတတ်သည်။ ဂျွန်မြောင့်အခန်းအပြင် သူ့ရဲ့စာကြည့်ခန်းမှာပါ ကုတင်ထည့်ထားပြီး သူညလုံးပေါက်အလုပ်လုပ်ရမည့်နေ့တွေဆို ဂျွန်မြောင့်ကိုပါ စာကြည့်ခန်းထဲအိပ်စေသည်။
ဂျွန်မြောင် စိတ်ရှုပ်လို့များ ခွန်းတုံပြန်မိရင် ကလေးတစ်ယောက်စိတ်ကောက်တယ်ထင်၍လားဘဲမသိပါ။ ခေါင်းကိုခပ်ဖွဖွလာပုတ်ပြီး
'မျက်စိအောက်က အပျောက်မခံနိုင်လို့ပါ' လို့ဖြေလိမ့်မယ်။"ဘာတွေလိမ်းထားတာလဲ?"
"Lotion"
ပါးကိုခပ်ဖွဖွနမ်းရင်း ဆိုလာတဲ့သူက ဂျွန်မြောင်ကို သူ့ပေါင်ပေါ်တင်ရင် လည်ပင်းကြား မျက်နှာအပ်လာသည်။ လေပူနွေးနွေးတွေက လည်ပင်းကိုလာထိနေတာမို့ ဂျွန်မြောင်နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ ငြိမ်နေတာမို့ အိပ်နေပြီထင်နေသော်ငြား အကျီအောက်ကနေ ပွတ်သပ်လာတဲ့ လက်တစ်စုံကြောင့် အတင်းရုန်းတော့ ဆွဲချုပ်သည်။