Part 5

590 76 10
                                    

Zawgi....

ကျောင်းတက်ရတဲ့တစ်ပတ်လုံး ဂျွန်မြောင်ထိုသူ့ကို သိသိသာသာရှောင်ဖယ်နေခဲ့သည်။ ဒါဟာသူ့ပလန်ဖြစ်သည်။ အေးစက်စက်systemကတော့ အသံသေးသေးလေးတောင်ထွက်မလာပေ။ ဂျွန်မြောင်မှာတော့ အိုဆယ်ဟွန်းကိုမြင်တာနဲ့ မြေကြီးထဲဝင်ပုန်းရတော့မလိုလိုပင်ဖြစ်နေရသည်။

ဟဲ့နာကတော့ ကျောင်းစာမျက်နှာတွင် အသနားခံစာရေးတင်ပြီး ဒရမ်မာကွင်းလုပ်ကောင်းနေတုန်းပင်။ အဲ့တာကအဓိကမဟုတ်ပေ အဓိကမှာ သူမကဂျွန်မြောင်နာမည်ကိုယူသုံးသွားတာပင်။ သူမ၏ရှင်းလင်းစာတွင် ဂျွန်မြောင်ဟာကျောင်းရဲ့အလှပဂေး ဂုဏ်ထူးကိုသုံးကာ သူမကိုဖိနှိပ်ခဲ့ကြောင်း ဂျွန်မြောင်ဟာလှပသော်ငြား မောက်မာကြောင်း ရေးသားပြောဆိုခဲ့သည်။ ထိုစာဖတ်ပြီး ကျောင်းသားတော်တော်များများဟာ ဟဲ့နာဘက်ကရပ်တည်ခဲ့ကြပြီး ဂျွန်မြောင်မှာ အရေခွံဆုတ်ခံရလုနီးနီးပင်။

"ဪ ဘယ်သူများလဲလို့ မောက်မာတဲ့နာနမင်းသားလေးဘဲ ဘယ်ကိုများကြွမန်းမလို့လဲခင်ဗျာ"

ခပ်ထေ့ထေ့ လှောင်ပြောင်သံနောက်မှာ ဂျွန်မြောင်အောက်နှုတ်ခမ်းအတွင်းသားများကိုသွေးထွက်သည်ထိ ဖိကိုက်မိတော့သည်။ ဂျွန်မြောင်ဟာ တကယ့်လူရိုးတစ်ယောက်ပါ။ အရင်ဘဝကဆို ရိုးရိုးအအနှင့်ဖြစ်သည်။ စိတ်ထားကောင်းလှတာမို့ လူအများကချစ်ခင်ကြသည်။ ဒီလိုလုံးဝအပြောမခံရ‌ဖူးပေ။ အဲ့အတွက်ကြောင့် ဂျွန်မြောင်မျက်ရည်ကျလုလုပင်။

*ဒုန်း!!*
တစ်ခုခုကထိုင်ခုံကိုဝင်တိုက်လိုက်တာမို့ ဂျွန်မြောင်လန့်လိုတုန်ပင်တုန်သွားလေသည်။ အရှေ့ကလူ ဘယ်သူလဲဆိုတာမော့မကြည့်လည်းသိလောက်အောင်ပင် အနံတွေကပြင်းထန်နေသည်။ ခုနက ဂျွန်မြောင်ကိုလှောင်ပြောင်ခဲ့သော အယ်လ်ဖာမှာမြေပေါ်တွင်အလူးအလူး အလိမ့်လိမ့်ပင်။ ဆန်အရက်နံဆိုတာသိပ်မပြင်းပေမဲ့ ဖိနှိပ်အားများတဲ့အခါ တစ်ဖက်အယ်လ်ဖာအား အသက်ရူကြပ်စေသည်အထိ ဖိနှိပ်နိုင်သည်။ စားပွဲပေါ်တင်ထားတဲ့ လက်ဖြူဖြူရှည်ရှည်သွယ်သွယ်တွေဟာ ငေးမောကြည့်နေချင်စရာပင်။ သွေးကြောစိမ်းစိမ်းတွေ ယှက်ဖြာနေတဲ့ လက်တွေဟာ ခုံကိုတထောက်ထောက် ခေါက်နေရင်း ဂျွန်မြောင်မော့လာမည်အချိန်ကိုစောင့်နေသည်။

Salvation Of Villains(system)Donde viven las historias. Descúbrelo ahora