Part-1(Arc4)

490 55 7
                                    

Zawgi....

"ဟင့်!"

ညီးသံတစ်ချို့နဲ့အတူ ဂျွန်မြောင်နိုးထလာပြန်သည်။ ‌သို့သော် ခါးစပ်ဆီကနားကျင်မှုကြောင့် ဘယ်လိုမှလှုပ်လို့မရပေ။ မျက်လုံးတွေကလည်း ဝေဝါးလို့။ ဂျွန်မြောင်ဘယ်ရောက်လာပြန်ပြီလဲ။ ဒီတစ်ခါရောဘယ်သူများလဲ။

[ဒီကမ္ဘာရဲ့အချက်အလက်တွေပို့ပေးလိုက်ပါပြီ]

အနည်းငယ် မူးဝေမှုနှင့်အတူ Screen Flatပေါ်ကပုံရိပ်တွေသည် ပြဇာတ်တစ်ခုနှယ် ပေါ်‌လာခဲ့သည်။ ယခုလက်ရှိဂျွန်မြောင်သည် အသက်33နှစ်ဖြစ်ပြီး ဇာတ်လိုက်၏ဦးလေးဖြစ်သည်။ ဦးလေးဆိုသော်ငြားအရင်းမဟုတ်။ ဇာတ်လိုက်ဖခင်၏ မွေးစားညီဖြစ်သည်။ ဇာတ်လိုက်ဟာ ဂျွန်မြောင်အားမွေးစားခြင်းအပေါ် မကျေမနပ်ဖြစ်နေသူ ဖြစ်သည်။ ထို့နောက်အခွင့်သင့်ရင်သင့်သလို ဂျွန်မြောင်အားမိသားစုမှဖယ်ထုတ်ရန် အမြဲကြိုးပမ်းနေသူဖြစ်သည်။

ဇာတ်လိုက်နှင့်ဇာတ်လိုက်မဟာ တက္ကသိုလ်တွင်တွေ့ကြပြီး အနေနီးပြီး ချစ်သူတြွေဖစ်ခဲ့ကြသည်။ တစ်ခါမှ ဇာတ်လိုက်အပေါ် ဝင်ရောက်စွတ်ဖက်ခြင်း မပြုခဲ့သည့် ဂျွန်မြောင်ဟာ ဒီလက်ထပ်ပွဲကိုတော့ အသက်နှင့်ရင်း၍ ငြင်းဆန်ခဲ့သည်။ ဇာတ်လိုက်ဟာလည်း အခွင့်အရေးယူကာ ဦးလေးဖြစ်သူကို မိသားစုစာရင်းမှ ပယ်ထုတ်ခဲ့သည်။ စိတ်ဓာတ်ကျသွားခဲ့တဲ့ ဂျွန်မြောင်ဟာ ဒီစိတ်နှင့်ပင် လုံးပါးပါးခဲ့ရသည်။

[မူလပိုင်ရှင်ရဲ့ ဆန္ဒကအေးအေးချမ်းချမ်းနေသွားရဖို့ပါ]

အင်းပေါ့ အသက်30 ကျော်လူတစ်ယောက်က ဘာတွေများထပ်တောင်းဆိုရဦးမှာလဲ။ လူတွေအကြောင်း နောကြေနေတဲ့ အရွယ်ပေမလား။ဂျွန်မြောင်လည်း မူလဘဝတွင်30နားနီးနေပြီမို့ ကိုယ်ချင်းစာသည်။ မတရားစွပ်စွဲခံရတာအတွက်ဝမ်းနည်းနေမှာပေါ့။

ဂျွန်မြောင် ဘယ်လက်ကိုဆန့်ထုတ်ပြီး စားပွဲပေါ်က မျက်မှန်ဝိုင်းလေးကို တပ်လိုက်သည်။ ထိုအခါမှ မြင်ကွင်းတွေက ရှင်းရှင်းလင်းလင်း မြင်ရတော့သည်။ ကိုက်ခဲနေသော ခါးစပ်ကို ငုံကြည့်မိတော့ ပတ်တီးတစ်ခုကအထင်းသား။ နောက်ဆုံးမှတ်ဉာဏ်အရဆို သူလှေကားပေါ်က ပြုတ်ကျပြီး ခါးနာသွားခဲ့တာဖြစ်သည်။ အမှန်ကတော့ တွန်းချခံရတယ်‌ ပြောမလားလေ။

Salvation Of Villains(system)Where stories live. Discover now