{Zawgi}
"ကြင်ယာတော်လေးက အိပ်စက်နေတာတောင် ချစ်ဖို့ကောင်းတာနော် အဟင်း.. ဘာလို့အိပ်ဆောင်မသွင်းသေးတာဘဲ မင်းသား"
"ကြင်ယာတော်လေးက ကိုယ်တော်နဲ့ဆော့ကစားပြီး အခုမှအိပ်ပျော်သွားတာမို့ ကိုယ်လုပ်တော်ယဲ့ ကိစ္စအရေးကြီးမရှိရင်......"
"မရှိပါဘူး မင်းသား ဒါဆို ဒီနှိမ်ကျတဲ့ကိုယ်လုပ်တော်ကို ခွင့်ပြုပါဦး"
ကိုယ်လုပ်တော်ယဲ့လီထွက်သွားတော့ ဂွန်ဆွန်းအခြုံစောင်တစ်ထည်တောင်းပြီး ဂျွန်ကိုခြုံထားပေးလိုက်သည်။ အအေးဓာတ်ကဲလာတဲ့ ရာသီဥတုမှာ တစ်ချို့တစ်ချို့သော အမှန်တရတွေကိုပြန်လည် တွေးတောမိနေသည်။ ဂျွန်မြောင်ဆိုတဲ့ လူသားလေးက အပြစ်ကင်းပြီး သိမ်မွေ့တဲ့သူလေးဖြစ်နေတာ ရှေးဘဝကုသိုလ်ကံတွေ ကောင်းတယ်ဆိုတာ ပြောစရာပင်မလို။ ဒါပေမဲ့ ကိုယ်မှာအတ္တတွေရှိတယ် အဲ့တာကိုမင်းလေးသိလား။ ကိုယ့်ကို မမှတ်မိတဲ့မင်းလေးအနားနေရအောင်ကြံဖန်ရတယ် ဘဝအဆက်ဆက် ခေတ်အဆက်ဆက်မှာ ကိုယ်ဟာနတ်ဆိုးတစ်ပါးဖြစ်ချင်ဖြစ်မယ် မင်းနဲ့ဆို ဂျွန်ရဲ့ဟွန်းအပြင် မမက်မောခဲ့ဘူး။
တစ်ခါတစ်လေများ ကံကြမ္မာကိုသိပ်ကျေးဇူးတင်တာဘဲ။ ဂျွန်မြောင်ဆိုတဲ့လူသားလေးနဲ့ တွေ့ခွင့်ရခဲ့လို့လေ။ အင်း ကံကြမ္မာကနည်းနည်းလက်ပေါက်ကပ်ပေမဲ့လို့ပေါ့။ ကိုယ်လုပ်သမျှက မင်းလေးနဲ့ပေါင်းဖက်ဆိုတာ သိထားပေး။
••••••••••••
ဂျွန်မြောင်ဒီစရောက်ထဲက missionတွေဆိုလည်း ဟုတ်တိပတ်တိမလုပ်ရသေး။ ဒီလိုနဲ့ပြန်သွားလို့မရတော့ရင်ရော မဖြစ်ဘူး မဖြစ်ဘူး ရအောင်ပြန်မယ်။ ပြန်မယ်သာတွေးတာရယ် ဒီလူကြီးကိုလည်းမထားခဲ့ချင် မဟုတ်ဘူး သူကဂရုစိုက်တယ်လေ အဲ့တာကြောင့်။
မူလဘဝကဆိုရင် သူ့ထက်သုံးနှစ်ကြီးတဲ့ ဂျွန်မြောင်နောက်ကို တကောက်ကောက်လိုက်တတ်တဲ့ ကောင်လေးကိုသတိရတယ်။ ပါးစပ်ထဲပီကေအမြဲဝါးနေတဲ့သူက ကိုယ့်အတွက်စုတ်လုံးချိုချဉ်လေးတွေ ဝယ်ထားပေးတတ်တာတွေ။ မိုးရွာလို့ထီးမေ့ခဲ့ရင် ခပ်တည်တည်နဲ့ ထီးထိုးပေးသွားတတ်တာတွေ။ 'ချစ်တယ် ပြန်ချစ်' ဆိုပြီးပြောခဲ့တုန်းက ရယ်ချင်ပေမဲ့ မရယ်ရက်ခဲ့။ ခပ်ချေချေကောင်လေးမှန်းသိရက်နဲ့ ကိုယ်ကချစ်မိသူမလား။