{Zawgi}
ဂျွန်မြောင်ဘေးနားက ကိုယ်ကြီးကိုဝေးဝေးတွန်းပစ်လိုက်သည်။ ဟုတ်ပါတယ် ညကြီးသန်းခေါင်သူနိုးနေတာပါ သူဟာပျော်နေပေမဲ့လည်း သူလုပ်စရာကိုဘယ်တော့မှမမေ့ပေ။ အဓိက,ကတော့ သူဒီကနေဘယ်လိုထွက်ရမလဲကို အသားပေးစဉ်းစားနေတာပင်။
'system systemရေ'
ဂျွန်မြောင် ကွန်ပလိန်းတက်ဖို့ စနစ်ကြီးကိုခေါ်လိုက်တော့ အသံခပ်စူးစူးလေးကပြန်ထူးလေသည်။
'ငါထွက်ပြေးတာမဟုတ်ဘဲ တစ်ခြားဟာ(သေရင်)ဆိုရင်ရော'
'ရပါတယ် လွတ်မြောက်ကြောင်းကိုအတည်ပြုပေးမှာပါ'
ဂျွန်မြောင်ခေါင်းကိုဆက်ကာဆက်ကာ ငြိမ့်ပြီးထောက်ခံလိုက်သည်။ ဟုတ်တယ်လေ သူ့မှာရွေးစရာမရှိဘူး အချိန်တွေကြာသွားရင် သူပြန်မရဘဲဖြစ်သွားမှာပေါ့။ အဲ့တော့အဓိကတွေကို ရွေးကြတာပေါ့။
'ငါတို့အစီအစဉ်တစ်ခုချရအောင်'
Systemအနေနဲ့ hostကိုကူညီဖို့စိတ်သေးသေးလေးတောင်မရှိပေ။ ဘာလို့ဆို ဒီကမ္ဘာပြီးရင် သူတာဝန်ပြီးပြီ ရာထူးတိုးသွားရတော့မှာ အဲ့တော့ မြန်မြန်ပြီးအောင်လုပ်ပေးလိုက်တာ ပိုကောင်းတယ်။
•••••••••••
မနက်မိုးလင်းတော့ ဖြတ်ခနဲပွင့်လာတဲ့မျက်လုံးတွေနဲ့အတူ ဂျွန်မြောင်မြန်မြန်ထလိုက်သည်။ သူအစီအစဉ်ကိုအချိန်ဆွဲလို့မရဘူး။ ဒီအချိန်ဆို ဟိုလူကြီးက ညီလာခံမှာငြင်းခုန်နေမယ် အဲ့တော့ ကိုယ်လုပ်တော်ယဲ့လီဆီသွားဖို့ဒီအချိန်က အကောင်းဆုံးဖြစ်သည်။ သူ့အစီအစဉ်က ယဲ့လီကိုသွေးထိုးလှုံဆော်ပြီး လုပ်ကြံအောင်လုပ်မယ် ပြီးရင်သူလွတ်မြောက်ပြီ ကျန်ခဲ့တဲ့ယဲ့လီကတော့ ဘုရားသခင်အလိုကျပေါ့။
ဂျွန်မြောင်အဝတ်အစားလဲပြီးထွက်လာတော့ ဂွန်ဆွန်းတို့ကလည်း မနက်စာအတွက် လာခေါ်ကြသည်။ မနက်စာကိုနောက်ထားပြီး ဂွန်ဆွန်းတို့ကို သူဆွဲခေါ်လာခဲ့သည်။
"သခင်လေး ကျွန်တော်မျိုးမတို့သေပါလိမ့်မယ်"
"အားယား မသေပါဘူးကွာ ကိုယ်လုပ်တော်အဆောင်ကဘယ်လိုလဲသိချင်လို့ပါဆို"