၅ နှစ်ဆိုတဲ့အချိန်ကာလကို အပြိုင်အဆိုင်တွေနဲ့ဖြတ်သန်းလာပြီးတဲ့အခါ မှာ Alis နဲ့ Pistris ဆိုတဲ့အဖွဲ့နှစ်ခုဟာ မြေအောက်လောကမှာ နာမည်ကြီးလာသည် ။
လူအင်အားတောင့်တင်းသည်။
စည်းလုံးမှုရှိသည် ။ သွားထိလို့မသင့်တဲ့ အဖွဲ့၂ခု အဖြစ်နာမည်ကြီးသည် ။ ရန်စမိတဲ့
တော်ရုံအဖွဲ့ငယ်တွေဆို အုပ်စုလိုက် သုတ်သင်ခံရတာတွေထိရှိသည်။အဖွဲ့ခေါင်းဆောင်နှစ်ဦးကလည်း တဖက်နှင့်တဖက်အပြိုင်အဆိုင် ပိုင်နက်လုကြတာမျိုးတွေရှိသည်။
သူတို့ နှစ်ဖွဲ့ရဲ့ထူးခြားချက်တခုက သူတို့အချင်းချင်းသာ တိုက်ရင်တိုက်မယ်
တခြားအဖွဲ့တခု နဲ့ သူတို့နှစ်ဖွဲ့ထဲက တဖွဲ့နှင့်ညှိမိလျှင် တခြားအဖွဲ့ကလူသာအထိနာသည်။
သူတို့ အချင်းချင်းကလွှဲရင် တခြားလူလာထိ၍မရသည့်အဖွဲ့တွေပင်.....သျှန် မန္တလေး ပြန်ရောက်တာ ၃လလောက်ရှိပြီ.. ။ ညို ကတော့ အလုပ်ကိစ္စနဲ့ ရှမ်းပြည်ဘက် တက်သွားတယ်လို့ သတင်းကြားတယ် ။ အရမ်းစိုးရိမ်စရာမလိုလောက်တဲ့ ကိစ္စမို့ သျှန် လိုက်မသွားတော့ပေ ။ မဟုတ်ရင် ညို က သူ့လုပ်ကွက်လုတယ်ဆိုပြီး နှစ်ဦးသား အချင်းများကြရလိမ့်မည် ။
ဒီညတော့ ဝရန်တာမှာ ဝိုင်သောက်ရင်း အချိန်တွေကို ကုန်ဆုံးဖြစ်လိမ့်မယ်ထင်......_______________________
"သျှန် "
မျက်လုံးတွေမှိတ်ကျ သွားတဲ့ထိ ပြုံးရင်း ခေါ်ဆိုလာတဲ့ 'ညို့' ကြောင့် သျှန် အတော်ဝမ်းသာသွားရတယ် ။
အချိန်တခုကြာတဲ့ထိ သျှန် ပြန်မဖြေမိ ။
မတ်တပ်မေ့နေသလိုမျိုး ညို့ အပြုံးတွေကို ငေးကြည့်နေမိသည် ။"ဟျောင့်.....လာလေကွာ မတ်တပ်သေနေတာလား"
ညို့ဆီက ထေ့ငေါ့စကားကြားမှ သျှန်တယောက် ပြန်အသိဝင်လာမိတယ် ။ ထို့နောက် ညို ရပ်နေတဲ့နေရာသို့ အပြေးအလွှား သွားမိတယ်.... သျှန် ပြေးလေ ညို က ပိုဝေးသွားလေ ပဲ အတက်နိုင်ဆုံး အမြန်ပြေးသွားပင်မဲ့
ညို့ဆီကို မရောက်နိုင်ဘူး ဖြစ်နေတယ် ။"ညို.... ညို....ဘယ်သွားတာလဲ.... ညို ပြန်လာခဲ့ပါကွာ...."
'ညို့' ရှေ့မှာ ချောက်ကမ်းပါးတခု.......
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...