စာအုပ်အတွက် Try နေရတာနဲ့ ကိုး အအေးမိပြီး ဆေးထိုးထားရတာနဲ့ မို့ Update လေး နောက်ကျသွားတယ်... ဆောတီးပါခ 🥺
"မုန့်လာပို့တာပါ "
တနေ့တမျိုး မုန့်များ ပို့ပေးတက်သည်မှာ ၄ရက် ပင်ရှိတော့မည်။ အာဂျူးရှီး က တကယ် ချေချေ့ကို ဂရုစိုက်သည်။ ချေ ကြိုက်တက်သော မုန့်များကို နေ့စဥ်ပို့ပေးသည့်အပြင် ကျောင်းအကြိုအပို့ပါ လုပ်ပေးသည်။
"ဟင် နှင်းဆီပန်းတပွင့်ရောလား "
"ဟုတ်ပါတယ်ဗျ "
အနီရောင် နှင်းဆီပန်းတပွင့်ကို ဖဲကြိုးဖြူနဲ့ သေချာစည်းထားပြီး စာတစောင်လဲပါသည်။
^^ If you were a song, you'll be the best track on the Album.....
..... 💕💕...... ^^
"အဟိ"
တခါတရံ ထိုသို့စာများလဲရေးပေးတက်သေးသည်။ အာဂျူးရှီး ကို ဒီလောက် Romantic ဖြစ်မယ်လို့ ချေ လုံးဝမထင်ထားမိဘူး။
"ဝါးးး"
"အားးး ရိုလိုက်တာဟယ်"
"အနီရောင်နှင်းဆီ တပွင့်ထဲက 'ကိုယ် မင်းကိုချစ်တယ်' လို့အဓိပ္ပါယ် ရတယ်တဲ့"
"အားးး ခြွေတယ်ဟေ့"
"ဟက် အဖြေပြန်ပေးလိုက်တော့လေ "
ဘေးမှ တယောက်တပေါက် ဝိုင်းပြောနေကြတဲ့ သူငယ်ချင်းတွေကြောင့် ကြည်နူးနေတာလေးတောင် ဘယ်ရောက်သွားလဲမသိဘူး ။
ဒီကလဲပေးချင်တာမှတပိုင်းကိုသေလို့ အာဂျူးရှီး က စဥ်းစားခိုင်းထားပြီး အဖြေပြန်မတောင်းလို့ ချေ့မှာ ပေးချင်တာတောင် ပေးလို့မရဘူး။
'Arrrrrrrr ...အဖြေပေးချင်တယ်လို့ '
အိမ်သို့ပြန်ရောက်တော့
"ချေချေ နင် အပြင်စာတွေစားတာများပြီနော် ဒီရက်ပိုင်းလာလိုက်တဲ့ Delivery ကလဲ တဒီးဒီးနဲ့ပဲ ဘာတွေဝယ်နေတာလဲ "
"မားမားရယ် ချေ ဘာမှ မဝယ်ပါဘူး လက်ဆောင်ရတာပါဆို"
"အေး ငါက မသိဘူးဆိုတော့ လိမ်နေလိုက် လက်ဆောင်ရတာ Give Away ရတာ ဆိုတာကြည့်ပဲ.... ထပ်ပြီး Delivery လာရင် နင့်ကိုပါထည့်ပေးပစ်မယ် "
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...