Part - 19

1.7K 146 29
                                    

"Ring Ring..... "

"Hello P'Nic "

"အင်း Num ဘာကိစ္စရှိလို့လဲ ညကြီး Ph call နေတာ"

"ကျွန်တော် စိတ်ထဲ တမျိုးကြီးဖြစ်လာလို့ P' အဆင်ပြေရဲ့လား "

"အင်း ငါက အဆင်ပြေပါတယ် "

"ဆရာ တခုခုဖြစ်နေသလား P' ဟင် "

"အင်း ဟုတ်တယ် ဆရာ့သူငယ်ချင်း Mr. M ကို ကူညီရင်း ဒဏ်ရာရလာလို့ အရမ်းတော့မများပါဘူး "

"ကျွန်တော် ခုလာခဲ့မယ် P' "

"ဟင် ခဏ မစိုးရိမ်.."

"တီ.."

Nic စကားကို ဆုံးအောင်နားမထောင်ဘဲ Ph ချသွားပြန်ပြီ ။ ဒီညီတယောက်နဲ့ ရင်မောရပါတယ် ။ စိတ်မြန်လက်မြန်နဲ့ Num တယောက်ကတော့ကွာ..

Num အလုပ်ကိစ္စတချို့ကြောင့် ယိုးဒယားဘက်ကို ရောက်နေတာ 2ရက်လောက်ရှိပြီ ။ အလုပ်ပြီးလို့ နားနေတုန်း ရင်ဘက်တွေအောင့်ပြီး စိတ်ထဲအရမ်းဝမ်းနည်းလာတာမို့ P' နဲ့ ဆရာကို စိတ်ပူလို့ Ph ခေါ်ကြည့်တော့ ထင်တဲ့အတိုင်းပဲ ။ ညတွင်းချင်းပဲ Pravite Jet နဲ့ မန္တလေး ကို အမြန်လာခဲ့လိုက်တယ်။

"P' "

"ဟမ် Num မြန်လိုက်တာ"

"ကျွန်တော် ယိုးဒယားရောက်နေတာလေ အဲ့မို့ မြန်တာ ဆရာသက်သာရဲ့လား "

"အင်း သက်သာပါတယ် ဆရာ့သူငယ်ချင်း ဆရာဝန်က ကုပေးထားတယ် "

"ကျွန်တော် သွားကြည့်ချင်သေးတယ် "

"အင်း လာလေ "

Nic နဲ့ Num တိတ်တဆိတ်ပဲ အိမ်အပေါ်ထပ်က ဆရာ့အခန်းသို့ တက်သွားလိုက်သည်။ အခန်းထဲရောက်တော့ ဆရာက ညာဘက်အခြမ်းမှာ အိပ်ပျော်နေပြီး Mr. M က ဘယ်ဘက်အခြမ်းမှာ အိပ်နေသည်။ သက်လတ်ပိုင်း အမျိုးသား 2ယောက် တစ်ကုတင်ထဲ အိပ်နေတာကို တွေ့ရတာက နဲနဲတော့ တမျိုးဖြစ်နေသည် ။

"P' "

"နောက်မှ ပြောပြမယ် ခု 2ယောက်လုံးကို အိပ်ဆေးတိုက်ထားတာမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ "

"အင်းပါ ဆရာ ကြီးကြီးမားမား မထိခိုက်လို့ တော်ပါသေးတယ် "

Fiend // Complete //Où les histoires vivent. Découvrez maintenant