သျှန် ဒီမနက် အိပ်ယာနိုးကတည်းက မန္တလေးတောင်ပေါ်သို့သွားချင်နေသည် စိတ်ကဘာဖြစ်နေမှန်းမသိ မနေ့ညကအိပ်တာနောက်ကျပေမဲ့ အိပ်ယာကလည်း အစောကြီးနိုးနေသည် ထို့ကြောင့် Nic ကိုပါနှိုးကာ မန္တလေးတောင်ပေါ်သို့ လိုက်ပို့ခိုင်းမိသည်။
နွမ်စိုင်း မန္တလေးသို့ တလတခေါက်ပုံမှန်ရောက်ဖြစ်နေသည်။ အကြောင်းအရင်း က
ခေါင်းဆောင်အတွက် လိုအပ်မယ်ထင်တာတွေလာကြည့်ပေးရခြင်းဖြစ်သည်။ခေါင်းဆောင်ရဲ့ ကောင်လေးက ကြည့်ပေးနေသည်ဆိုပေမဲ့ ကိုယ့်အစ်ကို မဟုတ်လား မျက်နှာလွှဲခဲပစ်တော့ မလုပ်နိုင်ဘူးလေ ထို့ကြောင့် တလတခေါက် မန္တလေးသို့ ဆင်းဖြစ်နေသည်။ရွာမှာဆိုလည်း နွမ်စိုင်းအလုပ်တွေက တောင်ပုံယာပုံပင် ခေါင်းဆောင်ငယ်အဖြစ် မိုင်ခမ်းကို တင်ထားပေမဲ့ ခေါင်းဆောင်လောက်တော့ မိုင်ခမ်းကသိပ်မလုပ်နိုင်သည်မို့ ကျန်တဲ့သူတွေကအကုန်ဝိုင်းကူနေရတာကြောင့် အလုပ်ကနွမ်စိုင်းအတွက်များနေခြင်းပင်။အခုလည်း မန္တလေးသို့ မနက်စောစောစီးစီးရောက်နေရသည်။
မနေ့ညကတည်းက တောင်ကြီးကနေ ကားကိုကိုယ်တိုင်မောင်းပြီးဆင်းလာခဲ့သည်မို့ မနားရသေး လမ်းမှာလည်း ဘာမှမစားခဲ့ရသည်မို့ ဆေးရုံသို့အရင်မသွားသေးပဲ မန္တလေးရဲ့ မနက်စာဆိုင်တွေဖွင့်လောက်မည့် နေရာသို့ မောင်းလာခဲ့ပြီး မုန့်ဟင်းခါးဆိုင်တဆိုင်ရှေ့တွင် ကားကိုနေရာလွတ်ရှာကာရပ်လိုက်သည်။"မုန့်ဟင်းခါးတပွဲ အစုံထည့်မယ်ဗျ"
နွမ်စိုင်း လာချပေးသော မုန့်ဟင်းခါးကိုအေးဆေးထိုင်စားနေလိုက်သည်။အရသာတော်တော်ရှိပြီး ဆိုင်ကလည်းလူစည်သည် အတော်ရောင်းကောင်းပုံပင်။
Y ကလေ မန္တလေးသားပေမို့လားတော့မသိ
မန္တလေးမြို့ရဲ့ လူနေမှုဘဝကိုကြိုက်သည်။
မန္တလေးမြို့ကြီးကို ချစ်သည်။
Y ကားမှန်တဝက်လောက်ချကာ မန္တလေးမြို့ရဲ့ရှုခင်းတွေကို ငေးကြည့်နေရင်း နွေဦးရာသီရဲ့ လေနုအေးလေးတွေကို ခံစားနေမိသည်။မနက်ခင်းလမ်းလျှောက်သူတွေ ကျန်းမာရေးအတွက် အားကစားလုပ်သူတွေနှင့် ကျုံးဘေးလမ်းတလျှောက်က စည်ကားနေသည်။မနက်စာဆိုင်တွေဆိုလည်း လူအပြည့်ပင်။
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...