Part - 34

1.6K 123 18
                                    

"Hello ဝသုန်လား"

"..."

"အင်း အဲ့ဆို ငါမန္တလေးပြန်လာခဲ့မယ် မင်းသာသေချာအောင်လုပ်ထားနော်"

"..."

"ရတယ် ရတယ် လိုအပ်တာအကုန်ငါလုပ်ပေးမယ် မင်းဘက်ကသာသေချာပါစေ"

"...."

"အဲ့ကောင်ကိစ္စက မင်းဘာသာရှင်းလေငါနဲ့ဘာဆိုင်လို့လဲ သူလာတာမကြိုက်ဘူးဆို ငါပြောထားလိုက်မယ်လေ မင်းဆီနောက်ထပ်မလာအောင် Num ကငါ့စကားနားထောင်ပါတယ်"

"..."

"ဟားး ဟားးး အဲ့တာဆိုလည်း မင်းသဘောပါကွာ သူ့ဘာသာလာလာ မလာလာ ငါနဲ့မဆိုင်တော့ဘူးနော် ငါပြောပေးမယ် ပြောတယ်နော် မင်းမပြောခိုင်းတာ"

"..."

"အင်း ဒါပဲ ဒါပဲ ပေါက်စလေး ရေချိုးဖို့ရေဆွဲပေးလိုက်ဦးမယ်"

"..."

"ရီမနေနဲ့ ဒါချစ်တာကွ ချစ်လွန်းလို့ စိတ်ကအလိုလိုလုပ်ပေးချင်နေတာ မင်း‌နဲ့ပြောရတာ အချိန်ကုန်တယ် ဒါနဲ့ ဟိုကိစ္စသေချာပါစေနော်"

"...."

"အေးပါ"

ဖုန်းချပြီးတာနဲ့ ရေတွင်းကရေဆွဲကာ ရေကန်အသေးထဲရေဖြည့်ရသည်။ရေချိုးခန်းကိုလုံလုံခြုံခြုံဖြစ်အောင်လုပ်ပေးချင်နေတဲ့ စိတ်ကိုမနည်းဆွဲဆန့်ထားရတယ်။ပေါက်စလေးတို့ရွာကအိမ်တိုင်းလိုလို ရေတွင်းနဲ့ရေကန်ကို ခြံထဲမှာဒီတိုင်းဟင်းလင်းပြင်ကြီးထားကြတာ။

မိန်းမပျိုလေးတွေရှိတဲ့အိမ်လည်းဒီအတိုင်းပဲ ဘာအကာအရံမှမလုပ်ထားကြဘူး သစ်ပင်ရိပ်ကောင်းကောင်းနဲ့အမှီသဟဲပြုပြီး ဒီတိုင်းရေအုတ်ကန်လေးတွေနဲ့တွဲထားကြတာ သူများတွေထားတာကိစ္စမရှိပေမဲ့ ပေါက်စလေးတို့အိမ်ထားတာတော့ ကိစ္စရှိတယ်။

ဘယ်နှယ့်ဗျာ ပေါက်စလေးအိမ်က ခေါင်းဆောင်ရဲ့ဆွေမျိုးဆိုတော့ လူဝင်လူထွက်ကများများနဲ့ ပေါက်စလေးရေချိုးတာကိုကြည့်မဲ့သူတွေဘယ်လောက်များလိုက်သလဲ အမလေးတွေးကြည့်တာနဲ့တင် နှမြောလိုက်တာ ငါ့ပေါက်စလေးကို သူများတွေငေးလိုက်ကြမဲ့အဖြစ်ကို။

Fiend // Complete //Opowieści tętniące życiem. Odkryj je teraz