Part - 14

1.8K 137 10
                                    

နွမ်စိုင်း မန္တလေးမြို့ထဲဟိုလျှောက်ဒီပတ်နှင့် နားချိန်ရတဲ့အခိုက်အတန့်လေးမှာ အပြည့်အဝအနားယူရင်းလည်ပတ်နေ၏။ဒီနေ့ ကျောက်စိမ်းမှောင်ခိုဈေးကွက်တခုမှလေလံပွဲအသေးစားလေးအကြောင်းကြားလာသည်မို့ လူကနေသော်လည်းဝါသနာကမနေသည့်အလျောက် ထိုလေလံပွဲအသေးစားလေးဆီသို့ နွမ်စိုင်းရောက်ရှိနေပြန်ပါသည်။ထိုပွဲတွင် နွမ်စိုင်းအရည်းအချင်းအရကြည့်ရသလောက်တန်ဖိုးကြီးကြီးမားမား တခုမှပင်မတွေ့ပါ။သူ့ပုံစံက စားပွဲဝိုင်းတခုတွင် လူငါးယောက်ထိုင်ရပါသော်လည်း နွမ်စိုင်းရွေးချယ်ထိုင်မိသည့်ဝိုင်းတွင် လူနှစ်ဦးသာရှိသည် နွမ်စိုင်းကောအပါအဝင်ပေါ့။

နွမ်စိုင်းကဘာရယ်မဟုတ် ဒီတိုင်းတွေ့တဲ့ဝိုင်းဝင်ထိုင်လိုက်ရုံပင် အစက ထိုလူတစ်ဦးတည်းသာရှိသည်မို့ စိတ်အေးလက်အေးရှိချင်တာမို့နွမ်စိုင်းကဝင်ထိုင်လိုက်ခြင်းပင် ထိုလူအစကတခုခုပြောမည့်ပုံနှင့် လှည့်ကြည့်လာသောလည်း ဘာမှမပြောတော့သည်မို့ ထိုင်လို့ရပြီမဟုတ်လား။

"ဟွန့် သောက်ပိန်းတွေ"

နွမ်စိုင်းပြောရင်း ရှေ့တွင်းချထားသော ရေခွက်ကိုသာမော့သောက်နေလိုက်သည်။

"သိန်း 200"

နွမ်စိုင်းဘေးမှလူ၏လေလံဈေးကြောင့် သောက်လက်စရေတွေပင် လည်ပင်းမှအပေါ်သို့ဆန်တတ်လာသလိုခံစားလိုက်ရသည်။

"ဟေ့လူ ခင်ဗျားရူးနေလား အဲ့လောက်မှမတန်တာကို"

"ဟမ်"

နွမ်စိုင်းအသံခပ်အုပ်အုပ်နဲ့လှမ်းသတိပေးတော့ ထိုသူကအူကြောင်ကြောင်မျက်နှာပေးနှင့်ပြန်ကြည့်လာသည်။

"အာ sorry ခင်ဗျားသဘောနော် ကျွန်တော်ကနည်းနည်းပါးပါးသိတယ်ဆိုရုံလောက်ပါပဲ ဒါပေမဲ့ ခင်ဗျားပေးတဲ့ဈေးနဲ့အဲ့ပစ္စည်းကမတန်ဘူးဆိုတာတော့သေချာတယ်"

"သိန်း 210"

တခြားဝိုင်းမှအသံကြောင့် နွမ်စိုင်းသက်ပျင်းသာသာချလိုက်မိသည်။မဟုတ်ရင်ကိုယ့်ဘေးခုံကလူ ဂျင်းမိတော့မှာလေ

"ကိုယ် ထပ်မလိုက်တော့ဘူးလေအဲ့တာ‌ဆို"

"အင်း မဝယ်နဲ့မတန်ဘူး"

Fiend // Complete //Where stories live. Discover now