"အဟိ...ဟိဟိ "
"သင်္ချေစောယွမ်း! ဘာဖြစ်နေတာလဲ မိုးလင်းတည်းက တဟိဟိနဲ့ "
မနက်စာ မုန့်ဟင်းခါး ပန်းကန်ကြီးကို ကြည့်ရင်း တဟိဟိနဲ့ ဖြစ်နေသော သားတော်မောင်ကြောင့် ဒေါ်စောယွန်းနန္ဒီ တို့ သိပ်မသင်္ကာတော့ဘူး။ မဟုတ်မှ ဒီကောင်လေး.....
"သားလေး "
"ဂျာ "
ထင်တာ ဟုတ်နေပြီ ...
"ညဆေးသောက်မအိပ်ဘူးလား သားလေး "
"အမ် ဘာဆေးလဲ "
"အရူးလျော့ဆေး လေ "
"မားမား! "
ချေ့ဘာသာ အာဂျူးရှီး သီချင်းဆိုပြတာကိုပြန်ကြားယောင်လာမိလို့ ရီမိတာကို မားမားက ပြောရက်တယ် ။
"ချေ မရူးဘူးလို့ "
"အေးပါ ဘယ်အရူးက သူ့ကိုယ်သူ အရူးပါဆိုပြီး ဝန်ခံလို့လဲ "
"မားမား! အီးဟီးး ပါးပါးနဲ့တိုင်မှာ.... ပါးပါး ချေ့ကို မားမားက အရူးတဲ့ ပြောနေတယ်"
ငိုရင်းလာတိုင်တဲ့ သားလေးဘက်မှ ဦးထိုက်ဘုန်းမြတ် ကူပြောပေးချင်သော်လည်း ချစ်ဇနီးလေး က မျက်စောင်းထိုးကာ ကြည့်နေတာမို့
"အဟမ်း ပါး ဖြင့်မကြားမိပါဘူး "
"အီးဟီး ပါးပါး ဘက်လိုက်တာ "
'ဘက်လိုက်မိပေမဲ့ မင်းမားမား ရဲ့ အပြုံးလေးကို မြင်ရတယ်လေ ငါ့သားရဲ့ ' ဆိုတာကိုတော့ စိတ်ထဲကသာတွေးလိုက်တယ်။ ထုတ်ပြောရင် သားတော်မောင်က ချောင်းစီးအောင်အော်ငိုမှာ။
"တိတ်စမ်း မထွက်တဲ့ မျက်ရည်ကိုညစ်ထုတ်ပြီး ငိုနေတာ နို့ခမ်းနေတဲ့ နွားမကြီးကမှ နင့်ထက် ထွက်သေးတယ် "
"ဖွားနဲ့ တိုင်မှာ မားမားကို "
မျက်ရည်မကျပဲအော်ငိုပြီး ဖွားအေကို Ph ဆက်တိုင်ဖို့ပြေးသွားတဲ့ သားကို ကြည့်ရင်း ရီနေတဲ့ ဇနီးဖြစ်သူကို ခေါင်းရမ်းမိတယ်။
'မတည့်အတူနေ မမြင်ချောင်းကြည့်' ဆိုတာ သူတို့သားအမိကိုပြောတာ ။"ယွန်း ရာ သားကိုတအားမစပါနဲ့လား မနက်စောစောကို ငိုသွားရရှာပြီ "
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...