"He said what you know about love ..."
ဖုန်း Ringtone သံကြားလို့ လန့်သွားမိတာဆိုလို့ စက္ကန့်ဘဝမှာ ဒါက ပထမဆုံးပင်။ ကိုယ့်အခြေအနေက ဖုန်းပြောဖို့ဘယ်လိုမှအဆင်မပြေတာမို့ ချာတိတ်လေးဆီက ဖုန်းကိုမကိုင်မိပဲ အတန်ကြာကြည့်နေမိသည်။
"He said what you know about love... "
ဒုတိယအကြိမ်ထပ်ခေါ်ချိန်မှာတော့ စက္ကန့်ဖုန်းမကိုင်လို့မဖြစ်တော့ဘူး။
'ချေက အရေးမကြီးပဲ ဖုန်းကို နှစ်ခါမခေါ်ဘူး'လို့ပြောထားဖူးတဲ့ ချာတိတ်လေးစကားကြောင့် အလျှင်အမြန် ဖုန်းကိုင်လိုက်ရတယ်။
"Hello အားဂျူးရှီး Meeting ထိုင်နေရတာလား "
"အ အာ "
"ဟမ် ဘာတွေပြောနေတာလဲ အားဂျူးရှီး "
မဟုတ်ဘူး လို့ပြောချင်ပေမဲ့ လည်ချောင်းက အသံမထွက်တော့ 'အ အ အိ အိ 'ပဲ ဖြစ်နေရတယ်။
"အားဂျူးရှီး "
"အမ်း"
"ဘာအမ်းတုန်း! ...ခင်ဗျားကြီး ဘာလုပ်နေတာလဲ...တ အ အ နဲ့"
"အာ အ အား"
စက္ကန့်မှာ ယောင်ရမ်းပြီး ခေါင်းတွေပါ ရမ်းပြမိနေတယ်။ ဒီတိုင်းဆက်ပြောရင် ချာတိတ်တမျိုးထင်သွားမှာဆိုးလို့ အခန်းအပြင်ထွက်ပြီး ဘယ်သူရှိလဲ ရှာရတယ်။
"ကျွီ...ဒုန်း ဒုန်း ဒုန်း ဒုန်း "
တစ်သက်နဲ့တစ်ကိုယ်ခြေလှမ်းကြမ်းကြမ်းတောင်မလှမ်းခဲ့ဖူးတဲ့ ဦးမိုးစက္ကန့်ညို တယောက် အိမ်ထဲ ဝုန်းဒိုင်းကျဲ ပြေးရင်း ကယ်တင်ရှင် ရှာနေရသည်။
"ဦးမိုးစက္ကန့်ညို !! "
စကားမပြောပဲ တိတ်နေမိတော့ ချာတိတ်ဘက်က အော်သံစူးစူးလေး ထွက်လာတယ်။
'တွေ့ပြီ'
မီးဖိုးခန်းဘက်က ထွက်လာတဲ့ တပည့်တယောက်ကို လက်အမြန်ဆွဲကာ ဖုန်း Speaker ဖွင့်ပေးပြီး ဘာသာပြန်လုပ်ခိုင်းရတော့တယ်။
"အာ အ အာ အွန့် အင်း အမ်း"
စက္ကန့် ကိုယ့်ကိုကိုယ် လက်နဲ့ပုတ်ပြကာ လည်ပင်းကိုလက်ညိုးနဲ့ ညွှန်ပြပြီး လက်ခါ ပြလိုက်တယ်။ ဆိုလိုချင်တာက 'ငါ လည်ပင်းနာလို့ စကားပြောမရဘူး'...
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...