ငစိုင်းတို့ခြံထဲမှ သစ်ပင်ကြီးရဲ့အောက်တွင် ဖျာလေးခင်းကာ အားလုံးစုထိုင်ပြီး မုန့်တွေ၊အသီးတွေစားရင်းနဲ့ ပျော်ပျော်ပါးပါးစကားပြောနေကြပေမဲ့ မပျော်နိုင်သူက တစ်ယောက်တည်းသာ သျှန့်မှာ မျက်နှာဖုံးကြီးနဲ့ ထိုင်နေရတာလေ ပျော်စရာရှိဦးမလား ညို ထပြန်သွားမှာဆိုးလို့သာ တပ်ထားရတာ သျှန် အဲ့မျက်နှာဖုံးကို ချွတ်လွှင့်ပစ်ချင်စိတ်တွေက တဖွားဖွားရယ်။
"ငဇေ"
"ယီးလား"
"ခွီး"
စိတ်ကတိုနေပါတယ်ဆိုမှ အလိုက်မသိအကမ်းမသိ ငစိုင်းက သျှန့်နာမည်ကိုခေါ်လာသည်မို့ စိတ်ပေါက်ပေါက်နဲ့ဆဲပေးလိုက်သည်။'ညို'ကလည်း သဘောတော်တော်ကျနေပုံပင် ခွီးခနဲ ထရီသည်။ 'ညို' ပျော်ရင်ပြီးတာပဲလေ ။
စက္ကန့် လည်း သျှန့်ကိုကြည့်ပြီးသနားမိပါသည်။ဘယ်နှယ့်ဗျာ မျောက်ရုပ်မျက်နှာဖုံးကြီးတပ်ပြီး ထိုင်နေရတယ်လို့Alis အဖွဲ့ကကောင်တွေသာ သူတို့ခေါင်းဆောင်ကြီး မျောက်ဘဝပြောင်းပြီး မျောက်မျက်နှာဖုံးကြီးနဲ့ထိုင်နေရတာသာ သိရရင် ဘယ်လိုနေမည်မသိ အတွေးနဲ့တင် ရီချင်စရာကောင်းနေလေပြီ။သျှန် အဲ့မျက်နှာဖုံးနဲ့ထိုင်နေရတာ တနာရီကျော်နေပြီမို့ စက္ကန့်ထပ်ပြီး မနှိပ်စက်ချင်တော့ပါ သံယောဇဉ်လက်ကျန်လေးတွေက ငုတ်စိငုတ်စိနဲ့ တိုးထွက်လာသည်မို့
"ဟျောင့် မင်းမျက်နှာဖုံးကြီးချွတ်လိုက်စမ်းပါကွာ မြင်ရတွေ့ရတာ စိတ်ဆင်းရဲလာပြီ ကြာရင်ငါထရိုက်မိတော့မယ် မျက်စိကိုနှောက်နေတာပဲ"
"ငါ တကယ်ချွတ်လိုက်လို့ရလား"
ညို့ စကားကြောင့်လေ သျှန် ပျော်လိုက်တာမှ မျက်ရည်တောင် အတောင့်လိုက်ကျလောက်တယ်
"ဟဲ့ စက္ကန့် နင်ပဲ သူ့မျက်နှာမမြင်ချင်ဘူးဆို အဲ့မျက်နှာဖုံးချွတ်လိုက်ရင် သူ့မျက်နှာကြီး နင်မြင်နေရမှာနော်"
"မိကာကာ! "
"မိကာကာ! "
သျှန့်ကိုချောက်တွန်းနေတဲ့ ကာကာ့စကားကြောင့် သျှန် ပိတ်အော်ပစ်လိုက်သည်။
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...