"အိမ်ပြန်မလွှတ်ချင်ဘူး ကလေးလေးရယ်"
"အားဂျူးရှီး ကလဲ ချေ အိမ်မပြန်လို့မဖြစ်ဘူးလေ မားမားဆူမှာပေါ့"
ပြင်ဦးလွင်ကပြန်လာပြီး ချေ့ကို အိမ်လိုက်ပို့ပေးရင်း အလွမ်းသယ်နေကာ အိမ်ထဲ ပေးမဝင်တဲ့ အားဂျူးရှီးကြောင့် ကားပေါ်မှာတင် နာရီဝက်ကျော်ကြာနေပြီ။
"မားမား ကိုပြန်ဆူပေးမယ် ကလေးက ကိုယ်နဲ့လိုက်ခဲ့တော့ "
ချေ့ခါးကိုဖက်ကာ လည်ပင်းမှာမျက်နှာအပ်ရင်းချွဲနေတဲ့ လူကြီးက အသက် ၃၀ ကျော်ဆိုတာ ယုံချင်စရာတကွက်မှမရှိဘူး။
"အိုက်ယား အားဂျူးရှီး ရာ "
ချာတိတ်လေးရဲ့ ခါးသွယ်သွယ်လေးကိုဖက်ကာ လည်တိုင်ကို နှာတံချွန်တို့ဖြင့် ရန်ရှာနေတဲ့ စက္ကန့်ကို ပြိုင်ဘက်များကမြင်ရင် ရေခဲရိုက်ငါးမန်းကြီးကနေ ငါးရှဥ့် ဘဝရောက်သွားတယ်လို့ ပြောကြမှာပင်။ ပြောချင်လဲပြောပါစေလေ စက္ကန့်က ချစ်သူရှိလူတန်းစားဆိုတော့ သူတို့မနာလိုကြမှာပေါ့။
"အားဂျူးရှီး လို့ "
"အင်းအင်း ကိုယ့်ကိုနမ်းပြီးရင် လွှတ်ပေးမယ်"
"ပြွတ်စ်"
"မရသေးဘူး ဒီကိုရောနမ်း"
ဆူထွက်လာတဲ့ နီညိုရောင်နှုတ်ခမ်းများကိုအမြန် ထိတွေ့လိုက်ပြီးပြန်ဆုတ်ခွာချိန် အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရတဲ့ စတော်ဘယ်ရီနှုတ်ခမ်းလေး.... ခေါင်းအနောက်မှထိန်းကိုင်ရင်း အနမ်းများကို နက်ရှိုင်းလိုက်တော့ လက်ချောင်းသွယ်သွယ်လေး များက လည်တိုင်ဆီ တွဲလွဲခိုလာသည်။ မိနစ်အနည်းငယ် အနမ်းဂဟေဆက်ပြီးမှ လွှတ်ပေးလိုက်တော့ နှုတ်ခမ်းပါးများက အရည်ရွှမ်းတဲ့ စတော်ဘယ်ရီတလုံးလို... မဟူရာမျက်ဝန်းများကလဲ ငွေ့ရည်ဖွဲ့လျက်... တုန်ရီမောဟိုက်စွာအသက်ရှုနေရင်း လက်သီးဆုပ်လေးနဲ့ ရင်ဘက်ကို ထုရိုက်လာတယ်။
"ချေ အသက်ရှုရပ်ပြီးသေတော့မှာပဲ"
"ဟားဟားး ကိုယ့်ကလေးလေးကို ကိုယ်က အသေခံပါ့မလားဗျာ"
"တော်ပြီ အကျင့်မကောင်းတဲ့လူကြီး ဖယ်တော့ အိမ်ထဲဝင်တော့မယ်"
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...