Sunday ပိတ်ရက်ရဲ့ ပြင်ဦးလွင်ခရီးစဉ်ကစတင်ခဲ့လေပြီ။ကားနှစ်စီးဖြင့်ထွက်လာခဲ့ကြသည်။ သျှန်ရယ် ပေါက်စလေးရယ် ညိုရယ်သူ့ချာတိတ်ရယ်က တစ်စီး။ဝသုန်နဲ့ကာကာရယ် Nicနဲ့ Num ရယ်ကတစ်စီးဖြင့်ထွက်လာခဲ့ကြသည်။ခေးခေးကိုလည်း ဖုန်းကြိုဆက်ထားတာမို့ ဒီကောင်ဒီနေ့ခြံထဲမသွားပဲ သူ့အိမ်မှာပဲစောင့်နေမယ်တဲ့။
"တီ..တီ.."
ကားဟွန်းသံကြားသည်နှင့် ခြံတံခါးလာဖွင့်ပေးသော အဘက သျှန်တို့လာမှာကိုကြိုသိနေတာကြောင့် တံခါးနားတင်စောင့်နေပုံရသည်။ကြာကြာမစောင့်လိုက်ရ။ခေးခေးရဲ့ အိမ်က အပင်တွေနဲ့ချည်းပြည့်နေတာ ခြံဝိုင်းကလည်းအကျယ်ကြီးရယ်ဆိုတော့ သျှန်တို့စိတ်ကြိုက်သောင်းကျန်းလို့ရသည်လေ။
"ဟိုကောင်ကော အဘ"
"သားတို့လာရင် စားဖို့ဆိုပြီး အသီးတွေသွားလုပ်ခိုင်းနေတယ် သား"
"ဟုတ် ဟုတ် အဘ ဒါအဘအတွက်လက်ဆောင်"
"ဟာ မလုပ်ပါနဲ့ သားတို့ရာ"
"ယူထားနော် မယူရင်စိတ်ဆိုးမှာနော် အဘ သမီးတို့ကအဘတို့ကိုချစ်လို့ဝယ်လာတာကို ကြီးကြီးကော ဒီမှာ ကြီးကြီးအတွက်လည်း ပါတယ်"
ဒီလိုနေရာဆို မိကာကာတို့ကအရမ်းအပြောကောင်းပြီး သွက်တာမို့ မိကာကာနဲ့သာ အတင်းပေးခိုင်းရတော့သည်။
"သမီးတို့ အိမ်ထဲဝင်သွားလိုက်မယ်နော် "
"အေးအေး ဝင်သွားကြ ကလေးတွေ "
"ဟုတ်"
အိမ်ထဲရောက်တော့လည်း ခေးခေးရဲ့အရိပ်တောင်မမြင်ရ ဘာတွေအလုပ်ရှုပ်နေသည်မသိ။အိမ်ကြီးရှင်မရှိလည်း ဒီအိမ်ဒီယာဟာ သူတို့နဲ့မစိမ်းသက်တာမို့ အဆင်ပြေမဲ့နေရာသာဝင်ထိုင်ပြီး အဆင်ပြေသလိုသာနေရင်း ခေးခေးကိုစောင့်နေလိုက်ကြသည်။နည်းနည်းနေရခက်နေပုံပေါ်တဲ့ ပေါက်စလေးနဲ့ Nic နဲ့ Num ကိုလည်း သျှန်ကိုပဲ နေရာချပေးလိုက်ရသည်။
"ခေးခေးရေ ခေးလေးရေ မမကြီးတို့ရောက်နေပြီဟ ဘယ်ကမ္ဘာရောက်နေလဲ ခေးလေးရေ"
အသံပြဲကြီးနဲ့ မိကာကာကိုတော့ ဘယ်သူမှမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ လုပ်ချင်ရာလုပ်ဆိုပြီး ပစ်ထားလိုက်သည်။
YOU ARE READING
Fiend // Complete //
Fantasyအရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက်ပိုင်းကျင့်သားရသွားတဲ့ချိန်မှာ အဲ့အခါးဓာတ်ကိုပဲ စွဲလမ်းတပ်မက်မိသွားရတာမျိုး ...... နာကျင်ရပေမဲ့ အဲ့...