Part - 23

1.8K 133 13
                                    

ဟိုကောင်တွေ အကြံပေးသည့်အတိုင်း သျှန် Nara ဆေးရုံရှေ့သို့ရောက်နေပေမဲ့ အထဲကိုဝင်ဖို့ကမဝံ့မရဲဖြစ်နေရပြန်သည်။Nic ကိုမခေါ်ခဲ့ပဲ တစ်ယောက်တည်းထွက်လာခဲ့ခြင်းဖြစ်သည်။နောက်ဆုံး စိတ်ကိုပြင်ဆင်ပြီး ဆေးရုံအတွင်းသို့ဝင်လာခဲ့သည်။အရင်နေ့ကတခါရောက်ဖူးပြီးသားမို့ ဘယ်သူ့မှမေးမနေတော့ပဲ ပေါက်စရဲ့အခန်းရှိရာဆီသို့ တန်းလာလိုက်သည်။

"ဟင်"

ဘာမှမရှိရှင်းလင်းနေသော အခန်းက ရင်ဝကိုဆောင့်ကန်လိုက်သလိုဆီးကြိုနေသည်။ဆေးရုံရဲ့ Reception သို့တစ်ခါပြန်ပြေးသွားမိသည်။

"အခန်းနံပတ် 205 ကလူနာကအခန်းပြောင်းသွားတာလားဟင်"

ဘာကိုမှလေးစားမှုလည်းမပြနိုင်တော့ သိချင်တာကိုသာအလောတကြီးမေးလိုက်မိသည်။

"ရှင် ခဏလေးနော် ကြည့်ပေးပါ့မယ်ရှင့်"

"ဟုတ်ကဲ့"

သျှန် ဒုတိယထပ်မှအမြန်ပြေးဆင်းလာတာမို့မောဟိုက်နေသည့်အသံကိုတုန်ရီမနေစေရန်ထိန်း၍ပြောနေရသည်။

"ဪ လူနာ စဝ်နွမ်စိုင်းက ဆေးရုံဆင်းသွားပါပြီရှင်"

"ဗျာ"

"ဟုတ်ကဲ့ရှင့် လူနာရှင်တွေက ဆေးရုံမှာဆက်နေစေချင်ပေမဲ့ လူနာကိုယ်တိုင်က တောင်ကြီးကိုပဲပြန်ဖို့ပြောနေတာကြောင့် မတတ်သာပဲဆေးရုံဆင်းခွင့်ပြုလိုက်ရတာပါရှင်"

သူနာပြုဆရာမလေး၏စကားအရှည်ကြီးအဆုံးတွင် သျှန် ဘာကိုမှမသိချင်တော့သလို ဘာကိုမှလည်းမကြားတော့ပါ ဆေးရုံအပြင်ဘက်တွင်ရပ်ထားသော ကားဆီသို့မည်သို့မည်ပုံပြန်ရောက်လာသည်မသိ ခြေ‌လှမ်း‌တို့ကလေးလံနေသည်။

^ကိုယ့်မှာရှင်းပြခွင့် တောင်းပန်ခွင့်လေးတောင်မရှိတော့ဘူးလား ပေါက်စရာ ကိုယ့်ကိုမတွေ့ချင်တော့ဘူးလား အခွင့်အရေးလေးတောင်မပေးပဲပြန်သွားပြီတဲ့လား ပေါက်စရာ^

သျှန် စိတ်ထဲမှရေရွတ်ရင်း အိမ်ပြန်ရောက်တော့လည်း အခန်းထဲသို့သာတန်းတန်းမတ်မတ်ဝင်လာပြီး ကုတင်ခြေရင်းတွင်ငြိမ်ငြိမ်လေးထိုင်နေမိသည်။အခုအခြေအနေက သျှန့်ခေါင်းထဲမှာ အရာရာဗလာကျင်းနေသည်။ပေါက်စနဲ့တွေ့ခွင့်မရတော့ဘူးဆိုတဲ့အသိက နှလုံးအိမ်ကိုသွေးစိမ်းရှင်ရှင်ထွက်အောင် ဆွဲညစ်ကိုင်ထားသကဲ့သို့ နာကျင်နေပါသည်။

Fiend // Complete //Where stories live. Discover now