Part 16

1.7K 135 8
                                    

"ချေချေရေ သားလေးရေ"

ချေချေ ကျောင်းထဲကိုခြေချတာနဲ့ အမြဲအဆင့်သင့်ထိုင်စောင့်နေတတ်တဲ့ မားပိုင်တို့အုပ်စုကိုအရင်ဆုံးတွေ့ရတတ်သည်။အခုလည်း လူမမြင်ရသေးဘူး မားပိုင် အသံကအရင်ကြားနေရပြီ။

"မားပိုင်"

"ပြော မားသားလေး ချဲထိုးမို့လား"

"တော်ပါပြီဗျာ ဒီတစ်ခါချဲထပ်မထိုးတော့ဘူးလို့ အာဂျူးရှီးကို ကတိပေးထားတယ်ဗျ"

"ဘာဖြစ်လဲ ခိုးထိုးပေါ့"

"မားပိုင်နော် အတတ်ကောင်းတေလာသင်ပေးနေတာ "

"ဟဲ ဟဲ"

"သားကြီး မင်းပြောပြောနေတဲ့ အာဂျူးရှီးကိစ္စလေးရှင်းစမ်းပါဦး ငါလည်းဘာမှမသိလိုက်ရပါလား"

ချေ့ဘေးနားမှ မိုး ကပါဝင်မေးလာသည်။မိုးနဲ့ချေ ကအမြွှာတွေလားလို့ထင်မှားရအောင် အမြဲတပူးပူးတတွဲတွဲနဲ့ဆိုတော့ ချေ့အကြောင်းအသိဆုံးနဲ့ ချေပေါင်းသင်းတတ်သည့်သူတွေအကြောင်းသိနေသူမို့ အာဂျူးရှီးအကြောင်းကိုသူမသိသေးသည့်အတွက် မေးလာသည်။

"အာဂျူးရှီး ဆိုတာက ဦးလေးကြီးတစ်ယောက်ကွာ"

"အေ အေ အဲ့တာတေမင်းပြောမှလား ငါတို့လည်းသိတာပေါ့ ဦးလေးကြီးမို့ အာဂျူးရှီးလို့ခေါ်မှန်း"

"တိတ်စမ်း မိုး ငါပြောတာနားထောင်မှာလား မင်းပြောတာငါနားထောင်ရမှာလား"

"နေကြပါဦး မားသားလေးတွေ‌ရယ် မင်းတို့ ဒီတိုင်းမတ်တပ်ရပ်ပြီးပြောမို့လား"

"မတ်တပ်ရပ်မပြောလို့ သားတို့ဘယ်လိုပြောရမလဲ မားတို့ရယ်"

အဲ့ဒီ မားပိုင်တို့အုပ်စုကလေ တကယ်အနှောက်တွေ မိန်းကလေးတွေမို့သာတော်တော့တယ် မားပိုင်တို့အုပ်စုသာယောက်ျားလေးတွေဖြစ်ရင် ယောက်ျားသားတို့ဘဝမတွေးရဲစရာပင်။

"အော် မားပြောတာကလေ သားတို့ကန်တင်းလေးဘာလေးမထိုင်ချင်ဘူးလားလို့ မင်းတို့မားပိုင် မနေ့ကချဲပေါက်ထားတယ် သူကျွေးလိမ့်မယ်"

"မားပြောတဲ့အစီအစဉ် မဆိုးဘူးနော် မားပိုင်ကျွေးမှာမလား လာသွားမယ်"

Fiend // Complete //Where stories live. Discover now