အိပ်ရာကနေ ထထချင်း lin Zi Hong ဖုန်း ကောက်ကိုင်လိုက်သည်။ ဖုန်းထဲမှာ စတူဒီယိုကနေ စာပို့ထားသည်။ ရေတငုံကောက်ငုံရင်း မက်စေ့ ကိုဖတ်လိုက်တော့
"ZiHong ဒီနေ့ စတူဒီယို နဲနဲစောစောလာပေးလို့ဖြစ်တယ်မလား ငါတို့ မော်ဒယ်အသစ်ကလေးတယောက်ကို Magazin cover ရိုက်ပေးရမယ် "
ဒါနဲ့ အချိန်ဇယားယူစစ်လိုက်တော့ဟုတ်သားပဲ ။ ဓာတ်ပုံလောကမှာသူ့ကိုမသိသူမရှိ အလုပ်အပ်သူတွေကနာမည်ကြီး company တွေကြီးပဲပေမဲ့ Lin Zi Hong ဟာ ေချမိုးနေတဲ့
Photographer တယောက်မို့ အလုပ်တွေကိုလချီကြိုအပ်ရတဲ့အမျိုး။"လာခဲ့မယ် "
စာပြန်ပို့အပီး အိပ်ရာကထ ရေချိုးခန်းဝင်လာခဲ့သည်။ ရေပန်းအောက်ရောက်အပီး မနေ့ညကမက်တဲ့အိမ်မက်ကိုပြန်စဥ်းစားမိသည်။ အိမ်မက်ထဲမှာ အမျိုးသမီးတယောက်သွေးသံရဲရဲ ကြားကသူ့လက်ကိုဆုတ်ကိုင်ပီး ငိုနေသည်။ သူလည်းငိုနေရသည် ။ ဒီလိုအိမ်မက်ကို ZiHong လူပျိုဖော်ဝင်စအချိန်ကစ တဖြတ်တဖြတ် မကြာခဏမက်တတ်သည်။ ဒီနှစ်ထဲတော့ တခါတလေ ရက်ဆက်မက်သည်။ တခါတလေ အမျိုးသမီးကသူနဲ့အတူပြုံးပျော်နေတတ်သည်။ တခါတရ့ မနေ့ညကလို ငိူနေရပြန်သည်။ အစွဲတွေမထားတတ်ပေမဲ့ အိမ်မက်ထဲက အမျိုးသမီးက သူနဲ့ဆက်စပ်နေမှာသေချာသည်။ အိမ်မက်ထဲက အမျိုးသမီးမှာ သိသာထင်ရှားတာက မျက်လုံးဘေးက မှဲ့ နက်နက်ကလေး။
နောက်တနာရီအကြာမှာ ZiHong စတူဒီယို သွားတဲ့လမ်းပေါ်ရောက်နေပီ။ ကားမောင်းရင်းပဲ မနက်စာစားလာခဲ့သည်။ အလုပ်ရောက်ရင်သူစားဖြစ်မယ်မထင်တော့ အလုပ်လောဘကြီးသော တိကျစေ့စပ်သော သူ့ကို နာမည်ကြီး မင်းသားမင်းသမီးတွေပါရှိန်ကြသည်။ သူကလည်းစိတ်တိုင်းမကျမချင်း ကြိုးစားသည်မှာ ထမင်းမေ့ဟင့်မေ့။
"BossLin ရောက်လာပီ "
စတူဒီယို အဝင်ဝမှာကတည်းက အလုပ်သမားလေးက သူ့ကင်မရာ အိတ်ကို လာသယ်ပေးပီးအထဲကိုလှမ်းအော်သည်။
သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ Ray က ထွက်လာပီး
"မနက်စာ စားခဲ့ရပီလား "
"စားပီးပီ Model ရောက်ပီလား "