"ဒွီးးးးဒွီးးး"
"ဟာကွာ "
တဒွီဒွီဝင်နေတဲ့ ဖုန်းကြောင့် Ray အရှိန်ပျက်ရသည်။ ကိုယ့်အောက်ရှိနေတဲ့ ကောင်လေးက မျက်လုံးဝိုင်းလေးကလယ်ကလယ်။
"ဖုန်းအရင်ကိုင်လိုက်လေ "
"နေပါစေ "
ပြောပီး ပြန်ငုံနမ်းရန်ပြင်သည်။ စိတ်ဆိုးစိတ်ကောက်နေကြတဲ့အချိန်တွေ လွမ်းရတဲ့ အချိန်တွေကိုအတိုးချ ချစ်ချင်လွန်းလို့ စတူဒီယိုကိုမသွားဖြစ်။ သူမှမသွားရင် ZiHong ကလှည့်ကိုမကြည့်တဲ့နေရာမို့ စတူဒီယိုကို တရက်မသွားနေလာရာကနေ သုံးရက်ရှိပီ Tian အခန်းမှာပဲလိုက်နေနေတာ ။ အချစ်နလန်ထစဆိုတော့ တချိန်လုံးပူးကပ်ရင်း အချစ်ပွဲနွဲနေချင်တော့သည်။
"ဒွီးးးး"
အနမ်းတွေက လည်တိုင်တွေ ပန်းရောင်ထနေတဲ့ အသီးလေးတွေဆီ ငုံစုတ်နေချိန်ဖုန်းထပ်မြည်လာပြန်သည်။
"Ge Ge ကိုင်လိုက်ပါ "
မောဟိုက်နေတဲ့ အသံလေးနဲ့ ရင်ဘတ်ကိုတွန်းထုပ်နေတော့ ဖုန်းကိုင်ရတော့သည်။
"ဘာလဲ ဘာလဲ "
"မင်းဘယ်မှာလဲ စတူဒီယိုမလာနိုင်ရအောင်ဘာလုပ်နေတာလဲ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ "
ထင်တဲ့အတိုင်း ZiHong ရဲ့ အော်ဟစ်သံက စီကနဲ။ ဖုန်းကို နား နားကနေဖယ်ထားရသည်အထိ။ ဘေးက Yang Yu Teng ရဲ့တားမြစ်သံပါကြားနေရသည်။
"ကြည့်ကျက်လုပ်ထားလိုက်ကွာ ငါလည်းတခါတလေ နားချင်တာပေါ့ "
"မင်းဟာနားနေတာမှမဟုတ်တာ "
ဘေးကနေ Yang Yu Teng က ထပ်တားနေပြန်ပီ။ သူ ဘယ်ရောက်နေလဲသိပုံပဲ။
"နားနားမနားနားကွာ မလာနိုင်ဘူး "
"ဘာ "
ဖုန်းချပစ်လိုက်တဲ့အပြင် စက်ပါပိတ်ပစ်လိုက်သည်။
"ကိုယ်ချင်းမစာတဲ့ကောင် "
သူ့ကျိန်ဆဲသံကြောင့် Tian ရီနေတော့သည်။ ရီလိုက်တိုင်း ကော့သွားတဲ့ မေးဖျားလေးကို နမ်းပစ်လိုက်သည်။ ဘယ်သူတွေနဲ့ ဘယ်လိုရှုပ်ခဲ့ရှုပ်ခဲ့ ဒီကောင်လေးကိုပဲချစ်တာ။