ချစ်စဖွယ်ဆေးဖြူသုပ် အနောက်တိုင်းဆန်ဆန်လှတဲ့ ခြံဝန်းလေးထဲ Tian ကားဖြူလေး မောင်းဝင်လာသည်။ အိမ်ပေါက်မှာ ကြိုစောင့်တဲ့ Yu Teng က ကိုယ်ချင်းဖက်ပီးဆီးကြိုပေးရှာသည်။ စကားနဲ ဆေးဆေးတဲ့ Yang Yu Teng နဲ့ စကားပကျိပကျိများနိုင်တဲ့ Tian တို့ဘယ်လိုခင်မင်ကြလည်းဆိုတာ ZiHong တွေးမရ ။ ခင်တော့အတော်ခင်ကြသည်။ ဘာပဲဖစ်ဖစ် ချစ်တဲ့သူလေးမှာနွေးထွေးတဲ့သူငယ်ချင်းရှိတာ ZiHong ဝမ်းသာသည်။
နှစ်ယောက်သား ပုခုံးဖက်အထဲဝင်လာတော့ သူTian ကို ပြုံးပြသည်။ ခင်လှတယ်မဟုတ်ပေမဲ့ Ray ကောင်လေးအဖြစ်အသိအမှတ်ပြုသလို Yu Teng ရဲ့သူငယ်ချင်းလည်းဖြစ်တာမို့ တခြား Actor တွေထက်တော့ပိုရင်းနှီးရသည်။ အလုပ်အဖြစ်လည်း သုံးလေးခါဆုံဖူးသည်။ အပြုံးလေးသိပ်လှတဲ့သူအဖြစ်လူသိများသည်။ အသက်ထက်ပိုနုနယ်သည်။
"ခြံနောက်မှာ အေးဆေးသောက်ကြလေ Ge အကုန်ပြင်ဆင်ပေးထါးပီ "
"အင်း Tian ခြံထဲမှာပဲထိုင်ရအောင် "
Tian က နှစ်ယောက်သားကို အားကျသလို ငေးကြည့်ပီး ချက်ခြင်းပြုံးပြသည်။
"အထူးအထွေတွေပြင်ဆင်စရာမလိုပါဘူး ငါက ဧည့်သည်မှမဟုတ်တာ ZiHong ရော မသောက်တော့ဘူးလား "
ZiHong ခေါင်းရမ်းပြပီး
"ကျတော်မသောက်နိုင်ဘူး ပီးတော့ အလုပ်တွေလည်းရှိသေးတယ် အေးဆေးမှပြန် "
"လာ "
နှစ်ယောက်သား စကားလေးပြောလိုက် ရီလိုက်မောလိုက် သောက်လိုက် နှင့် ညနေခင်းစောင်းလာသည်။ တချက်တချက် ZiHong ဆင်းဆင်းလာပီး ရေခဲလာထည့်ပေးတါ အမြည်းလာဖြည့်ပေးတါကို Tian ငေးကြည့်နေသည်။
"မင်းကံကောင်းလိုက်တာ "
"အဟင်း ငါတို့လည်း ညှိယူနေရဆဲပါ "
"ZiHong မင်းကိုအရမ်းချစ်တာကြည့်တာနဲ့သိတယ် ငါလေ မင်းသူနဲ့စတွဲတုန်းက အခုထိ မင်းတို့မြဲမယ်မထင်ဘူး "
"မင်းဆီလည်းကံကောင်းခြင်းတွေရောက်လာမှာပါ "
"တယောက်ထဲနေသွားချင်ပီ "
"Ray Ge ကိုတကယ်ချစ်တယ်မဟုတ်လား "
"သူ့ငါ့ကိုအလေးမထားဘူး "