ဒုတိယရက်လည်း ပင်ပင်ပန်းပန်းရိုက်ယူရသည်။ Yang Yu Teng ရဲ့ Mood လည်းမပျက်အောင် သူ့အိုက်ဒီယာတွေကို သေချာ ရှင်းပြ ပြောပြရင်း နှစ်ယောက်သား ပူးကပ်မှန်းမသိပူးကပ်နေတော့သည်။ နေရာရိုက်ကွင်းကြည့်တာကအစ
ခဏနားလို့ပုံတွေပြန်ကြည့်တာအဆုံးတပူးပူး ။ သူတို့ ရဲ့ တမိုးအောက်ဆရာကြီးနဲ့ ဓာတ်တည့်အဆင်ပြေတဲ့ Yang Yu Teng ကို တိုးတိုးကျိတ်ချီးကျူးကြသည်။ နှစ်ရက်တပိုင်းမှာအတော်ရင်းနှီးသွားကြ မီးထိုးမှန်ထိုးကအစ တတွတ်တွတ်အတင်းချကြသည်အထိ။ သို့သော် Model နဲ့ Photographer. နှစ်ယောက်ကတော့ အာရုံကိုမရှိ သိပုံလည်းမရ။"ခဏ ကိုယ်ဖုန်းလာလို့ "
"ဟုတ်ကဲ့ ရပါတယ်ပြောပါ "
Ray ဆီက လာတဲ့ ဖုန်းမို့ အနားတလမ်းနှစ်လမ်းလျောက်လာပီးကိုင်လိုက်သည်။ ဖုန်းကိုင်လိုက်တာနဲ့ Ray ကတန်းလွတ်တော့သည်။
"Hello ဆရာကြီး အဆင်ပြေရဲ့လား မင်းလိုချင်တဲ့ lens တွေငါမှာထားပီနော် အဆင်ပြေရင် Yang Yu Teng နဲ့ နောက်တပွဲဆက်ရအောင် ဟဲ ဟဲ "
ZiHong အနောက်လှည့်ကြည့်လောက်တော့ ကောင်လေးက ကင်မရာထဲက ပုံတွေစူးစိုက်ကြည့်နေသည်။
"မင်းဟာက မပီးသေးဘူးလား ဘာလဲ ငါက သူ့ရဲ့ ပင်တိုင်ဓာတ်ပုံဆရာဖြစ်သွားပီလား "
"ဟဲဟဲ အဲ့လိုရယ်လည်းမဟုတ်ရပါဘူး "
"အခုကအဲ့လိုဖြစ်နေတာပဲမလား "
"စာချုပ်မပါဘူး အလွတ်တန်းပါပဲကွာ မင်းကလည်း တက်သစ်စ ဒိတ်ဒိတ်ကျဲလေးနော် Fan တွေရူးခါ သူနဲ့အတူ မင်းလက်ရာတွေလူပိုသိလာမှာကွ အခုလည်းငါ့သူငယ်ချင်းက ဆရာကြီးပါပဲ ဟဲ ဟဲ "
"တော်စမ်း မျက်နှာချိုလာသွေးမနေနဲ့ ဟျောင့်ရေ ငါမလုပ်နိုင်ဘူးနော် ပြောပီးသား ငါ့အကြောင်းမင်းသိတယ်နော် ဇွတ်လုပ်ခိုင်းရင် ငါဘယ်လိုအရွဲ့တိုက်မလဲဆိုတာ "
"သိ သိပါတယ်ကွာ လုပ်ပါ နောက်တပွဲပါပဲ စတူဒီယိုမှာပဲရိုက်ရမှာပါ Skin care လေးတစ်ခုပါ လုပ်ပါ နော် နော် "
"ဟွန်းး "
ဒါနဲ့ Lin ZiHong တို့စိတ်လျော့ရပြန်သည်။ သူအခုက Yang Yu Teng နဲ့အလုပ်တွဲမလုပ်ချင်တာလည်းမဟုတ်ပဲ ဘာလို့ငြင်းငြင်းမိနေပါလိမ့်လို့စဥ်းစားမရသေး။ ကြိုးစားသော ပါးနပ်သော photogenic ဖြစ်သော ကောင်ကလေးကို သူမရိုက်ချင်စရာမရှိပါ။ သို့သော်ပြောတိုင်းငြင်းမိသည်။ ငြင်ပီတိုင်းအလျော့ပေးရသည်။ အလျော့ပေးပီးတိုင်း စေတနာပိုရသည်။